Melatonin မယ်လာတိုနင်

၁။ ကျွန်တော် ခုတလော အိပ်ရင် အရင်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လို့ Melatonin 3mg ပါတဲ့ Somino Sleep သောက်နေပါတယ် ဆေးဆိုင်က ပြောတာတော့ ဘာ side effect မှ မရှိပါဘူးတဲ့ အဲ့ဒါကြောင့် စွဲသောက်လို့ ရတယ် ပြောပါတယ် ဒါပေမယ့် ကျွန်တော် Facebook မှာ side effect of Melatonin လို့ ရိုက်ရှာတဲ့အခါ side effect တွေရှိကြောင်း ရှင်းပြထားတဲ့ Video တွေ တွေ့နေရတယ် နားလည်တာတွေ ပါသလို နားမလည်တာတွေလဲ ပါနေလို့ ဆရာ့ကို လာမေးတာပါ Melatonin ရဲ့ side effect တွေကို ဆရာအားတဲ့ချိန် အဆင်ပြေတဲ့ချိန်လေး ရှိခဲ့ရင် ပြောပြပေးပါ ဆရာ

၂။ ကျွန်မက အသက် ၃၁။အိမ်ထောင်ရှိပါတယ်။ ကျွန်မ နှိုက်ခြိုက်စွာ အိပ်မပျော်တာ တော်တော်ကြာပါပြီဆရာ။ မနက် မိုးလင်းရင် လူက လန်းလန်းဆန်းဆန်းမရှိဘဲ ထိုင်းမှိုင်းပြီးတော့ ဖြစ်နေပါတယ်ဆရာရှင့်။ ညဘက်တွေ နှိုက်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ဆောင်ရန် ရှောင်ရန်တွေ သိလိုပါတယ်ဆရာရှင့်။ အခုတလော အိပ်ဆေး melatonin 3 mg သောက်ရင် အိပ်စက်မှုစက်ဝန်း ပုံမှန်ဖြစ်စေတယ်။ နှိုက်ခြိုက်စွာ အိပ်ပျော်စေပြီး ဆေးလည်း မစွဲဘူးဆိုပြီး နာမည်ကြီးနေပါတယ် ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ (နှစ်ခြိုက်စွာလို့ ရေးရတယ်။)

၃။ ဆရာရှင့် အိပ်မပျော်တဲ့သူတွေအတွက် သဘာဝအိပ်ဆေးဆိုပြီး Melatonin 5mg ကို အိပ်ခါနီး တနေ့တလုံး သောက်နေကြတာ အန္တရာယ်ရှိ မရှိ သိလိုပါတယ်။ ၁၉နစ်သမီးလေးက Melatonin မသောက်ရင်အိပ်မပျော်ဘဲ သောက်မှ အိပ်ပျော်နေလို့ နေ့စဉ်သောက်လို့ရ မရနဲ့ side effect ရှိလား သိပါရစေရှင့်။

၎။ ဆရာ Melatonin အကြောင်းလေး ရေးပေးပါ။

မယ်လာတိုနင်ဟာ Neurohormone နူရိုဟော်မုန်းအမျိုးအစားဖြစ်တယ်။ ဦးနှောက်ထဲက Pineal ပိုင်နီရယ်အိတ်ကနေ ထုတ်ပေးနေတယ်။ အိပ်စက်တာနဲ့ဆိုင်တယ်။ အလင်းရောင်ကနေ မယ်လာတိုနင် ထုတ်ပေးတာကို နည်းစေတယ်။ အိပ်ရေးပျက်သူတွေမှာ အဲတာနဲ့ဆိုင်နိုင်တယ်။ အလုပ်ချိန် ပုံမှန်မဟုတ်သူတွေအတွက် ဆေးအဖြစ်သောက်ရတယ်။ အိပ်ရေးမဝသူတွေမှာ အိုစာကြတယ်။ Antioxidant အင်တီအောက်ဆီးဒင့်အစွမ်းခေါ် ကင်ဆာကာကွယ်ဖို့လည်း အသုံးဝင်မယ်လို့ယူဆတယ်။ ရင်သားကင်ဆာ ပေးတယ်။ စိတ်ဓါတ်ကျသူတွေမှာ မယ်လာတိုနင်နည်းနေတာတွေ့ရတယ်။

age-related vision loss အသင်ကြီးလို့မျက်စိမှုံခြင်း
Alzheimer's disease အဇာမိုင်းယားရောဂါ
bipolar disorder စိတ်ရောဂါ
BPH ဆီးကျိတ်ကြီးခြင်း
chronic fatigue syndrome (CFS) နာတာရှည်အားနည်းနေခြင်း
COPD နာတာရှည်ရောဂါ
depression စိတ်ကျရောဂါ
Endometriosis သားအိမ်ရောဂါ
Epilepsy အတက်ရောဂါ
fibromyalgia အာရုံကြောရောဂါ
H. pylori အစာအိမ်လေနာ
headaches ခေါင်းကိုက်ရောဂါ
IBS ဝမ်းမငြိမ်ရောဂါ
Infertility သားသမီးမရသေးခြင်း
memory loss (dementia) မှတ်ဉာဏ်မေ့ခြင်း
Menopause သွေးဆုံး
migraine မိုင်ဂရင်းရောဂါ
nonalcoholic liver disease အသဲရောဂါ
Osteoporosis အရိုးအားနည်းရောဂါ
restless leg syndrome ခြေမငြိမ်ရောဂါ
ringing in the ears နားအူခြင်း
sarcoidosis ဆာကွိုက်ဒိုးဆစ်ရောဂါ
schizophrenia စိတ်ရောဂါ
seasonal affective disorder (SAD) စိတ်ရောဂါ
ulcerative colitis အူမကြီးရောဂါတွေအတွက်လည်းသုံးတယ်။

ဆေးကို FDA ကတော့ ရောင်းခွင့်တားမထားပါ။ ရောဂါအမျိုးမျိုးအတွက်သုံးတာတွေလည်း အများကြီးရှိတယ်။ ထိရောက်မှုကို အာမမခံနိုင်ပါ။ သတိထားဘို့က အဲလိုအပိုဆောင်းဆေးအဖြစ်သုံးရင် ခန္ဓာကိုယ်ကနေ အလိုလို ထုတ်ပေးတာကို နှိမ်ရာကျတယ်။ အဆိပ်သင့်တာနဲ့ ဆေးစွဲတာတော့မဖြစ်ပါ။ Melatonin ကရေတိုတော့ စိတ်ချရပါတယ်။ ရေရှည်တော့ မပြောနိုင်သေးပါ။

ဘေးထွက်သက်ရောက်မှုများ
Headache ခေါင်းကိုက်
Dizziness ခေါင်းမူး
Nausea ပျို့
Drowsiness အိပ်ချင် အတာတွေ အများဆုံးဖြစ်နိုင်တယ်။

Anticoagulants and anti-platelet drugs သွေးခဲဆေး
Anticonvulsants အတက်ကျဆေး
Contraceptive drugs ကိုယ်ဝန်တားဆေး
Diabetes medications ဆီးချိုဆေး
Immunosuppressants ခုခံအားနှိမ်ဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၈
၃-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး