Brexit (1) ဘရစ်ဇစ် (၁)
(အီးယူ) ထဲကနေ ဗြိတိန်ခွဲထွက်မှာအတွက် အသစ်ပေါ်လာတဲ့ မီဒီယာအသုံးက Brexit (ဘရစ်ဇစ်) တဲ့။ Euroskeptics (ယူရိုစကက်ပတစ်) အသုံးသစ်လည်းပေါ်လာတယ်။ အဲတာကို ကွန်ပြူတာကနေ အနီရောင်လိုင်းပြထားတယ်။ စာလုံးပေါင်း မမှန်ဘူးတဲ့။
မဲအကုန်ရေတွက်မပြီးခင်မှာ ပေါင်ငွေတန်ဖိုး ၉-၁ဝ% ကျတယ်။ စတော့ ရှယ်ယာတွေ ထိုးကျတယ်။ နေမြဲ နဲ့ ခွဲရေး ကင့်ပိန်းမှာ အရေးပါတဲ့ နှစ်ဖက်လုံးကအကြောင်းပြချက်တွေ မနည်းမနောရှိခဲ့ပါတယ်။ စီးပွါးရေး၊ နိုင်ငံခြားသားလက်ခံရေး စတာတွေပါတယ်။
ခွဲထွက်ရေးသမားတွေက (အီမိုရှင်း) များတယ်တဲ့။ (အင်မီဂရေးရှင်း) ကိုရှေ့တန်းတင်တယ်တဲ့။ နေမြဲဖက်က ထောက်ပြတာက ဗြိတိန်အချုပ်အခြာပါထိပါးလာနိုင်တယ်တဲ့။ ကွန်ဆာဗေးတစ် ပညာရှင်အသိနဲ့ပြောတာပါ။
နောက်အကြောင်းပြချက်တခုကတော့ အီးယူဟာ စည်းမျဉ်းသစ်တွေနဲ့ ဗြိတိန်ကိုလည်ပင်းညှစ်နေတယ်တဲ့။ တချို့ (ရယ်ဂူလေးရှင်း) တွေက အသေးအဖွဲလေးတွေတဲ့။ သုံးပြီးသား (တီးဘက်) ကို (ရီဆိုက်ကယ်လ်) လုပ်ရေးစည်းမျဉ်း။ (ရယ်ဂူလေးရှင်း) သစ်တွေကြောင့် ဗြိတိန်မှာ ပေါင် သန်း (၆ဝဝ) အပတ်စဉ်နစ်နာရတယ်တဲ့။
နောက်တချက် (ကော်ပိုရိတ်) အကျိုးစီးပွါးတွေ ဗုံးခိုကျင်းထဲဝင်အောင်းလာသလိုပဲတဲ့။ လက်ဝဲဆန်တဲ့အယူအဆတွေနဲ့ ကြီးမားတဲ့အစိုးရပုံစံတွေ ပြဋ္ဌာန်းနေတယ်တဲ့။ ရေပေါ်ဆီ ကော်ပိုရိတ်တွေကို ပိုဦးစားပေးလာတယ်တဲ့။ ဒီမိုကရေစီ မကျဘူးတဲ့။ အဲတာက WTO, IMF, WB တွေအပေါ်သဘောထားသလို အမေရိကန်တွေနဲ့ ဆင်တူတဲ့ ဝေဖန်ချက်ပါ။
နောက်တချက် (အီးယူ) ဆိုတာ ကောင်းတဲ့ (အိုင်ဒီယာ) ပါ၊ ဒါပေမယ့် (ယူရို) ကတော့ ပြဿနာပဲတဲ့။ ဗြိတိန်ဟာ ၁၉၇၃ ကတည်းက (အီးယူ) ထဲမှာပါနေခဲ့ပေမယ့် လူနည်းစုလိုသာအခွင့်ရနေတာတဲ့။ ၂ဝဝ၈ ကစခဲ့တဲ့ ကမ္ဘာ့စီးပွါးရေး ကျဆင်းမှုမှာ ဥရောပဘုံငွေကြေးသုံးစွဲရသူတွေကပိုခံရတယ်တဲ့။ အလုပ်လက်မဲ့ ဂရိနဲ့ စပိန်မှာ ၂ဝ% အထိရှိလာတယ်။ အခု အနှစ် ၂ဝ ကျော်လာလည်း အဲဒီနိုင်ငံတွေမှာ ၂ဝ% ကျော်တုန်းပဲ။ အကြွေးဝန်ထုပ်ကြီးက တကယ်ကြီးမားတယ်။ ဥရောပဘုံငွေကြေး မသုံးတဲ့ ဗြိတိန်ကကံကောင်းတယ်။
နောက်တချက် တခြားနိုင်ငံသားဝင်ရောက်လာမှု။ (အီးယူ) ဥပဒေအရ (အီးယူ) အဖွဲ့ဝင် တခြားနိုင်ငံသားတွေ ခရီးသွားတာ၊ နေထိုင်တာ၊ အလုပ်လုပ်တာကို ခွင့်ပေးထားတယ်။ ဗြိတိန်က အဲဒီဒဏ်ကို ၂ဝဝ၈ စီးပွါးရေးကျဆင်းချိန်ကတည်းက ခံနေရတယ်။ အီတလီ၊ အိုင်ယာလန်နဲ့ လစ်သူယေးနီးယာကနေဝင်လာကြတယ်။ ဘုံငွေကြေးဝင်မဟုတ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားကလူတွေက အလုပ်လာရှာကြတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း လူပေါင်း (၃၃၃ဝဝဝ) ယောက် ဝင်လာခဲ့တယ်။
နောက်တချက် (အီးယူ) ကနေ အခွန်တိုက်ရိုက်ကောက်ခွင့်တော့မရှိပါ။ ဒါပေမယ့် အီးယူဘတ်ဂျက်အတွက် နှစ်စဉ် ထည့်ဝင်ငွေပေးကြရတယ်။ အဲဒီပမာဏဟာ (၁၃) ဘီလီယန်ပေါင်ဖြစ်လို့ ယူကေနိုင်ငံသားတယောက်စီကို ပေါင် ၃ဝဝ ကျတယ်။ အဲဒီငွေကို ကိုယ်တိုင်းပြည်မှာပဲ သုံးလိုက်ရရင်တဲ့။
နောက်ထပ် စိတ်ဝင်စားစရာအချက်ကတော့ ပရီမီယာလိခ်ဘောလုံးသင်းတွေ ကစားသမားပြောင်းရွှေ့တာမှာ အခက်အခဲ ဖြစ်ကြမယ်တဲ့။
ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၆

Comments
Post a Comment