Footwear doctor ဖိနပ်စီးတဲ့ဆရာဝန်

(ဖေ့စ်ဘွတ်က မနှစ်ကလို့ အသိးပေးတဲ့စာ)

တရုပ်ပြည်မှာ လယ်လုပ်နေသူတွေကနေ ဆရာဝန်တွေလိုဆေးကုပေးခဲ့တဲ့ အောင်မြင်မှုတခုကနေ Barefoot doctors ဖိနပ်မပါဆရာဝန်များရယ်လို့ ဝေါဟာရသစ်နဲ့ နည်းနာသစ်ပေါ်ထွန်းလာခဲ့တယ်။ သူတို့ကို ရက်တိုတိုနဲ့ ဆေးသင်တန်းတွေ ပေးပြီး၊ ကျေးလက်တောနယ်တွေမှာ ဆေးကုစေခဲ့တယ်။ အခြေခံသန့်ရှင်းမှု၊ ရောဂါကာကွယ်ရေး၊ မိသားစုစီမံကိန်းတွေ သင်ပေးတယ်။ အဖြစ်များရောဂါတွေ ကုသနည်းလည်းပါတယ်။ ၁၉၄၉ မှာ စမ်းသပ်မှုစလုပ်ပြီး၊ တရားဝင်ကတော့ မော်စီတုန်းရဲ့ ၁၉၆၅ ခုနှစ် မိန့်ခွန်းပြောပြီးမှဖြစ်ပါတယ်။ နောက်ပိုင်းမှာ WHO ကနေ အသိအမှတ်ပြုပေးလာတယ်။

ကျွန်တော် (နော်မန်ဗက်သွန်း) အကြောင်းလည်း ခပ်တိုတိုလေး ရေးဘူးသေးတယ်။ တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီခဲ့တဲ့ ကနေဒါဆရာဝန်ပါ။ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည် တောပိုင်းကို သွားပြီးဆေးကုသပေးခဲ့တယ်။ သူရဲ့ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ မော်စီတုန်းကစပြီး ကနေ့တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။

ကျွန်တော်လည်း အဲတာတွေကို အားကျခဲ့ပါတယ်။ ဒါပေမယ့် အတော်ကြီးကိုကွာတယ်။ (နော်မန်ဗက်သွန်း) က ဖက်ဆစ် ဆန့်ကျင်ခဲ့တယ်။ ကျွန်တော်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပါတယ်။ အိန္ဒိယမှာ ၁၂ နှစ် ဆေးကုခဲ့တာလည်း တောနယ်မှာ မဟုတ်ပါ။ နယူးဒေလီမြို့ကြီးမှာများတယ်။ ကျွန်တော့်မှာ မော်စီတုန်းမရှိပါ။ ကျွန်တော်က ကိုယ့်လူမျိုးတွေကို ဆေးကုပေးရပါတယ်။ (ဘဲယဲ ဖု) လည်းမဟုတ်ပါ။ (ဟက်ပီး ဖါးသားဒေး) မှာ ဖိနပ်နှစ်ရံက ရပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၅

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်