Missing Events မရောက်ဖြစ်တဲ့ပွဲ

ဒေါ်အောင်ဆန်းစုကြည် (၇၁) နှစ်ပြည့်မွေးနေ့က နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့မှာ ပန်းခြံနဲ့ ပုံတူကြေးရုပ်တုဖွင့်ပွဲ ကျင်းပတဲ့သတင်းတွေ ကြားရပါတယ်။ အားရတယ်။

လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကျွန်တော့်ကိုလာနိုင်မလားလို့ ပွဲစီစဉ်သူတွေထဲက ချင်းအမျိုးသားတဦးကနေ လှမ်းမေးပါတယ်။ မသွားနိုင်လိုက်ပါ။ ကိုယ်တိုင်ရောက်ရသလိုပဲ အောက့်မေ့ပါတယ်။ ပြီးခဲ့တဲ့လကပဲ အမေရိကန် ပြည်ထောင်စုထဲက အနောက်ဗာဂျီးနီးယားကနေ ရွေးကောက်ပွဲအောင်ပွဲကိုလာဖို့ ဖိတ်သေးတယ်။ စီစဉ်ထားပြီးမှ မသွားဖြစ်လိုက်ပါ။

အခုတိုင်းပြည်ရောက်တည်းက နိုင်ငံရေးပွဲလမ်းမျိုးရောက်ရခဲလှပါတယ်။ ဒေလီမှာနေစဉ်ကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အစည်းအဝေးတွေ၊ ဆန္ဒပြပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေဆိုတာ ရက်သိပ်ခြားလှတယ်မရှိခဲ့ပါ။ ဒေလီမှာသာမကာ အိန္ဒိယနိုင်ငံတခွင်ပြဲပြဲစင်သွားရတယ်။ တခြားနိုင်ငံတွေဆိုတာလည်း အိမ်ဦးနဲ့ကြမ်းပြင်လို ခဏခဏသွားနေခဲ့ရတာပါ။

ခက်ခက်ခဲခဲလုံးပမ်းရတဲ့ပွဲမျိုးနဲ့ သာတောင့်သာယာပွဲမျိုးကကွာတယ်။ လူမှုရေးမှာ သာရေးကိုမရောက်နိုင်တောင်မှာ နာရေးတော့ ရောက်အောင်သွားကြတယ် မဟုတ်ပါလား။ အမှန်က နာရေးရော သာရေးပါအရေးကြီးပါတယ်။ နိုင်ငံရေးမှာလည်း ပွဲတိုင်းကအရေးကြီးတာပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၆
Photo by Ko Nyo

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး