Thursday, June 30, 2016

July Pledge ဇူလိုင်သန္နိဋ္ဌာန်

(၂ဝ၁၄ ကရေးခဲ့တဲ့စာ)

• လွမ်းသူ့ပန်း၊ တမ်းသူ့ပန်း၊ 
• ပန်းနဲ့ထိုက်တဲ့၊ ဦးခိုက်ရမည့်သူတွေကိုမှန်း၊

• အာဇာနည်ဗိမ္မာန်ကို စိတ်အသန်နဲ့ အဓိဋ္ဌာန်ပြု၊
• ဗိုလ်ချုပ်တို့က ကိုလိုနီကိုရန်ပြု၊ ကျွန်တော်တို့က အာဏာရှင်ကိုအန်တု၊

• တခါတလေမှာ ပန်းခြင်း၊ တခါတလေမှာ ပန်းခွေ၊
• တခါတလေ ကလေးတွေ၊ တခါတလေ အမျှဝေ၊

• ရွှေတောင်ကြီးပြို၊ မျက်ရည်ယို အငိုအရှိုက်၊
• အမှောက်တိုက်၊ ခေါင်ခိုက်အောက်မိုက်တဲ့လူတသိုက်၊  

• အခုလဲ မိုက်တဲ့သူတွေ ခေါင်ပေါ်တက်မိုက်နေ၊
• ဗိုလ်ချုပ်ကို တိုင်တည်ချင်ပေ၊ အမိုက်တွေမှန်သမျှ ကျဆုံးပါစေ။     ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၄

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...