Fanatical သမတလောင်း

လာမယ့်အမေရိကန်သမတရွေးပွဲမှာ ရီဘတ်ပလစ်ကန်ဘက်က သမတဝင်ရွေးမယ့် ဒေါ်နယ်ထရမ့် ရှေ့က ပြေးနေတာ စိတ်ပျက်စရာကောင်းလှပါတယ်လို့ (ဦး) ခွန်ဆိုင်းကရေးတယ်။

အမေရိကန်သမတလောင်းတွေသတင်းတွေက စိတ်ဝင်စားရာအမှန်ဖြစ်ပါတယ်။ ဒီတချီမှာ ထူးတာရှိတယ်။ ဘီလီယန်နာ သူဌေးကြီး (ဒေါ်နယ်ထရမ့်) ပဲပေါ့။ သူချမ်းသာလို့ပြောတာမဟုတ်ပါ။ နားမချမ်းသာလို့ပါ။ အဲတာလည်း လူတိုင်းအသိ။ အမေရိကားမှာနေရတဲ့ ဒုက္ခသည်မို့ သူပြောနေတဲ့ ရဖြူဂျီတွေကို စစ်ပြန်တွေထက် ခံစားခွင့်တွေ ပေးထားတယ်လို့ မဲဆွယ်စကားလောက်နဲ့တော့ ကျွန်တော်က မဖြုံသေးပါ။

သူ့စကားတွေက မဖြစ်နိုင်လောက်တာတွေဆိုတော့ ကြာရင် သူ့ထောက်ခံမှုက လုံးပါးပါးမှာလို့ တွက်ထားသူတွေအကုန် သွက်သွက်ခါ မှားကုန်ကြတယ်။ တနေ့တခြား ထောက်ခံမဲက များသထက်များလာနေတယ်။ အဲတာ ဘာလဲ။

နိုင်ငံရေးကို စီးပွါးရေးလိုလုပ်မယ်ပြောတာကလည်း မဆန်းပါ။ ဘယ်နိုင်ငံရေးဖြစ်ဖြစ်၊ ဘယ်လက်နက်ကိုင်တိုက်တာဖြစ်ဖြစ် စီးပွါးရေးပဲမဟုတ်လား။ ငွေရှာနည်းသာ ကွာကြတယ်။ ဂန်းပေါ်လစီက ရေစာမပါပါ။ အဘောရှင်းနဲ့ ဂေးဟာ ငါးနှစ်ခါ လာနေကျထက် မပိုရေးချမပိုပါ။

သူ့ပေါ်လစီ တစ်နဲ့ နှစ်က မွတ်ဆလင်နဲ့ တရုပ်ပါ။ မွတ်ဆလင်နဲ့ တရုပ်ဆိုတာကို သူလိုကိုယ်လိုလူတွေက တမျိုးသာ မြင်ကြမယ်။ နှစ်မျိုးသုံးဘာသာမြင်လာသူတွေက များများလာလို့ ဒေါ်နယ်ထရွမ့်ကို ဟယ်လရီကလင်တန် လွယ်လွယ်နဲ့ နိုင်မှာမဟုတ်ပါ။ အဲတာ ဘာလဲ။

ပဌမကမ္ဘာစစ်ကြီးအပြီး ချွတ်ခြုံကျသွားတဲ့ ဂျာမဏီမှာ ဟစ်တလာ ပေါ်လာတယ်။ ပဌမကမ္ဘာစစ်ကြီးတုန်းက သူဟာ ဂျာမန်တပ်မှာ သြစတြီးယားနိုင်ငံသားဗော်လန်တီယာ၊ ရှေ့တန်းခြေမြန်စာပို့စစ်သား။ ဒုတိယကမ္ဘာစစ်ကြီးနဲ့ ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းနိုင်လောက်အောင် ဂျာမန်လူမျိုးတွေရဲ့ တရားဝင်ထောက်ခံမှု (ရွေးကောက်ပွဲနဲ့) အနိုင်ရခဲ့သူ ဖြစ်လာတယ်။ သူ့ကို ဘာလို့ဂျာမန်တွေက ရွေးခဲ့ကြသလဲ။ ပဌမကမ္ဘာစစ်ကို ရှုံးထားပြီး စစ်လျှော်ကြေးတွေ မတန်တဆ ပေးနေရတဲ့ဂျာမန်တွေက စိတ်အနာကြီးနာနေချိန်မှာ သူကနေ ရဲရဲတောက်၊ အမျိုးသားရေးကို ရှေ့တန်းတင်သူဖြစ်တယ်။ အဲတာဟာ အဲဒီအချိန်က ဂျာမဏီအတွက် လိုအပ်ချက်ကြီးဖြစ်တယ်။

အခု အမေရိကန်တွေက ဘာလိုနေကြသလည်း။ အမျိုးသားရေးရန်သူတွေကို အနိုင်ယူချင်နေကြတယ်။ အစွန်းရောက် မွတ်ဆလင်အကြမ်းဖက်မှုနဲ့ အစွန်းရောက်စီးပွါးရှာတဲ့တရုပ်ကို ပျော့စိစိလုပ်မရဘူးထင်လာကြသူ များလာတဲ့သဘောဟာ ဒေါ်နယ်ထရွမ့်အတွက် ထောက်ခံမှုဂရပ်မျဉ်းဖြစ်နေတယ်။ ဒါက ခပ်ကြမ်းကြမ်းဆန်းစစ်မှုပါ။ ကျွန်တော်က ဒေါ်နယ်ထရွမ့်လို ပြောကြည့်တာ။ အစွန်းရောက်မှုကြီးတွေကြောင့် အစွန်းရောက်သမတမျိုးလိုအပ်လာတယ်။ ကျွန်တော့် သုံးသပ်ချက်က အစွန်းတော့ မလွတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး