My Kinsfolks အမျိုးတွေ

တရက်တည်းမှာ နေရာအနှံ့ရောက်တယ်။

အခုပဲ ရန်ကုန်မှာနေတဲ့ ညောင်ကန်သူ တူမကပြောတယ်။ သူ့မောင်လေး လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာ အောင်ဆန်းစုကြည်ဆုနဲ့ ဦးဝင်းတင်ဆု ၂ ဆုရတယ်ဆရာ။ အန်တီးအေးကိုလည်း ပြောပေးပါအုန်းတဲ့။ အေး ကောင်းတယ်။ ဆက်ကြိုးစားလို့။ အန်တီကို အခုပဲပြောလိုက်ပြီ။

ညတုန်းက မုံရွာနေတဲ့ညီတယောက်က မန္တလေးမှာနေတဲ့ညီတယောက်တို့နဲ့အတူ ဖုန်းဆက်ကြတယ်။ ၁၉၉ဝ မကုန်ခင်အထိ ကျွန်တော်တို့က ခဏခဏအတူဆုံလေ့ရှိခဲ့ကြတယ်။ စကားအဆုံးမှာ ညီတယောက်ပြောတယ်။ ကျွန်တော်တို့သုံးယောက်သား အဲလို အတူဆုံစကားပြောလိုက်ရရင် ဝသွားသလိုပဲတဲ့။

ပုလဲအိမ်ကလေး ဝင်းထရံအပျက်အစီးတွေကို ပြင်ဆင်နေကြတဲ့ပုံ မနက်ကရောက်လာတယ်။ ညမှာတော့ ပြင်ပြီးပြီတဲ့။ ပြင်ပေးတဲ့သူက အမျိုးတော့မတော်ပါ။ ကျွန်တော်ကလည်း မခိုင်းပါ။ သူ့ဆီ ပိုက်ဆံလည်းမပို့နိုင်ပါ။ သူလုပ်ပေးနေတာကို လူသိမခံချင်ပါ။ သတင်းကောင်းပါးချင်တဲ့ စေတမန်က သူမသိအောင် ဓါတ်ပုံကို ခိုးရိုက်ရတာ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး