Birth Defects မွေးရာပါချို့ယွင်းချက်များ

ဆရာ မေးဆရာလေးတစ်ခုရှိလို့ပါ သမီးပီးခဲ့တဲ့အပတ်က ultrasound သွားရိုက်ပါတယ် ကိုယ်ဝန် ၂ဝ ပတ်နဲ့ ၃ ရက်မှာပါ ဒုတိယကိုယ်ဝန်ပါ ရိုက်ပီး နောက်နေ့ OB ကတွေ့ချင်တယ်ဆိုလို့သွားတွေ့တော့ ခလေးရဲ့အချေနေပြောပြတယ် water on head နဲ့ heart defect လို့ပြောတယ် ပီးတော့ spinal နဲ့တင်ပါမဆက်နေဘူးတဲ့ တစ်ကယ်လို့ heart defect ဖြစ်တယ် ဆိုရင် ခလေးကပုံမှန်နှလုံးခုန်ရဲ့လား အခုကခလေးကပုံမှန်ပဲ ၁၄၇ ၁၅၂။ Water on head (hydrocephalus) ဆိုရင် ဘာတွေဆက်ဖြစ်နိုင်ပါလဲ OB ကတိတိကျကျဘာမှမရှင်းပြဘူး specialist နဲ့သွားတွေ့ခိုင်းတယ် ကြာဦးမယ်။ ပထမ ခလေးက ဘာမှမဖြစ်ဘူး အားလုံးကောင်းပီး ကျန်းမာတယ် ရိုးရိုးမွေးတယ် ပုံမှန်ပါပဲ မြန်မာစာ ၂ တန်းထိပဲသင်ခဲ့ဘူးလို့ စာလုံးပေါင်းမှား ရင်ခွင့်လွတ်ပါ။

ဆောရီး။ အထဲကကလေးမှာ မွေးရာပါချို့ယွင်းချက်တွေရှိနေတယ်။ ဦးနှောက်နဲ့ အာရုံကြော + နှလုံးမကောင်းပါ။ ဆောရီး။ ကလေးအသက်နဲ့မွေးလာလည်း သက်တမ်းမရှည်လောက်ပါ။ ဆောရီး။ OB လို့သုံးရင် ယူအက်စ်အေမှာနေတာ ဖြစ်တယ်။ ဥပဒေရှိတယ်။ မိဘတွေသဘောဆုံးဖြတ်လို့ရတယ်။

သတ်ပုံမှာ
(မေးဆရာ) မဟုတ်ပါ။ (မေးစရာ) ပါ။ (အချေနေ) မဟုတ်ပါ။ (အခြေအနေ) ပါ။ အဲဒီ (၂) လုံးသာမှားလို့ မဆိုးပါ။

(ပီး) မဟုတ်ပါ။ (ပြီး) လို့ရေးရတယ်။ (တစ်ခု) မဟုတ်ပါ။ (တခု) ပါ။ (ခလေး) မဟုတ်ပါ။ (ကလေး) ပါ။ အဲဒီ (၃) ခုကတော့ လူအတော်များများ မှားနေကြတယ်။

မွေးရာပါချို့ယွင်းချက်တွေဆိုတာ အများအားဖြင့် ကံတရားပါပဲ။ ကံကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး