Roller coaster ရိုလာကို့စ်တာ
Ogga Linn လဲကျသွားလဲ ပြန်ထနိုင်အောင် အားယူဖို့မလွယ်တဲ့ကောင်ကိုမှ ကံတရားက ရေနစ်သူဝါးကူထိုးခဲ့။
Tint Swe ဟိုနေ့ကသွားခဲ့တဲ့ Indiana beach မှာ Roller coaster တက်စီးကြတဲ့ လူငယ်-လူရွယ်တွေ အများကြီး မြင်ခဲ့ရတယ်။ အတက်-အကျမှာ အသံတွေထွက်အောင်အော်ကြတယ်။ အချိန်စေ့တော့ စက်ကရပ်သွားတယ်။
အသက်ကြီးတဲ့တို့နှစ်ယောက်ကတော့ သဘောင်္ပဲစီးကြတယ်။ သင်္ဘောပေါ်မှာ မြန်မာပြည်က ကလေးတယောက်နဲ့ အတူထိုင်ရတယ်။ ၆-၇ နှစ်သားကလေးက သဘောင်္ဆိပ်ခံသံတံတားမှာ အိမ်ဖွဲ့နေတဲ့ ပင့်ကူအိမ်ကို သဘောကျနေလို့ Spiderman စပိုင်ဒါမင်း၊ Superman ဆူပါမင်း နဲ့ Ironman ဘာဖြစ်ချင်လည်းလို့မေးကြည့်တယ်။ အိုင်းယွန်းမင်းတဲ့။
အေးနေတဲ့ ရေပေါ်ကဖြတ်တိုက်နေတဲ့လေကိုရှူရတာ ချင်းတွင်းနဲ့ ဧရာဝတီကို သတိရခဲ့တယ်။
ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၆

Comments
Post a Comment