Double-handed လက်နှစ်ဖက်သုံးတဲ့သူ

ကျွန်တော့်ပို့စ်တခု = ငွေတိုက်ကို ဗုံးကြဲခြင်

ကွန်မင့်တခု = Ko Sein Hla Aung ဆရာ့အကောင့်မှ ဟုတ်ရဲ့လားခင်ဗျ

Dr. Tint Swe ?

Ko Sein Hla Aung ကမ္ဘာ့စစ်ရေးနဲ့ထင်ဟပ်ထားတဲ့ နိုင်ငံရေးကောက်ချက်တွေ ဖတ်လိုက်ရလို့ပါဆရာ။

Dr. Tint Swe ကျွန်တော်က နိုင်ငံရေးကိုအရင်ရေးတယ်။ ကျန်းမာရေးကို နောက်မှသာရေးဖြစ်ပါတယ်။

ဒေလီမှာ မြန်မာပြည်ကဒုက္ခသည်တွေအတွက် ဆေးခန်းလေးဖွင့်တော့ လူနာတွေကလည်း ကျွန်တော့်ကို နိုင်ငံရေးထဲမှာ ပါတဲ့သူတယောက်လို့ မသိကြတာများတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆရာဝန် (၁၅) နှစ်လုပ်နေစဉ်ကလည်း တနေ့မှာ နိုင်ငံရေးထဲရောက်မယ်လို့ ထင်မထားခဲ့ပါ။ ကျောင်းသားဘဝမှာ ကျွန်ုပ်၏ရည်ရွယ်ချက် စာစီစာကုံးရေးခိုင်းရင် နိုင်ငံရေးသမားလုပ်မယ်လို့ မရေးခဲ့ပါ။

ဘလော့မှာ နိုင်ငံရေးစာတွေစရေးပြီး၊ ဆေးပညာစာတွေရေးပါတယ်။ စာနှစ်မျိုးကို သည်းခြားဘလော့တွေခွဲရေးပါတယ်။ ဘလော့တွေ ခဏခဏပျက်ရာကနေ တခုတည်းသောဘလော့ကိုသာရေးတော့မှ တွဲပြီးတင်တာပါ။ ဆေးကုရာနဲ့ မေးခွန်းတွေဖြေရာမှာလည်း ကျွန်တော်က NLD ဖြစ်လို့ (မဆလ) ထဲကလူတွေ၊ ပြည်ခိုင်ဖြိုးထဲကလူတွေအပေါ် အခွင့်ကောင်းမယူပါ။

စည်းခြားတာလို့ ပြောလိုတာထက် ဘဝမှာမျှော်မှန်းမထားတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့ သင်္ခန်းစာလေးတခုပါ။ ဒုတိယပေးလိုတဲ့ (မက်ဆေ့ခ်ျ) ကတော့ လက်နှစ်ဖက်လုံး သုံးကြစေချင်တာပါ။ ဦးနှောက်ကတခုနဲ့ နှလုံးသားကတော့ တခုစီသာရှိတာကိုလည်း ပြောလိုတာပါ။

ဒေါက်တာတင့်ဆွေ
၁၁-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး