Cervical length သားအိမ်လည်ပင်းအရှည်

မင်္ဂလာပါဆရာ။ သမီးအသက်က ၂၇ နှစ်ပါ။ ခင်ပွန်းက ၃၈နှစ်ပါ။ အိမ်ထောင်သက် ၂ နှစ်ရှိပါပြီ။ ရန်ကုန်ကပါ။ အိမ်ထောင်ကျစမှာ ၃ လုံးလခံတားဆေး တကြိမ်သာထိုးပါတယ်။ နောက်ပိုင်းမှာ ရာသီကရက်ရှည်ပြီး နဲနဲသာလာပါတယ်။ ၄ လပိုင်းမှာ အိုဂျီပြတော့ သားအိမ်ခေါင်းရှည်နေတယ်လို့ပြောပါတယ်။ ကလေးမရသေးတာ သားအိမ်ခေါင်းရှည်တာနှင့် ဆိုင်ပါသလားဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါနော်။ လေးစားစွာဖြင့်။

ပုံမှန်သားအိမ်လည်ပင်းအရှည်ဟာ 3 cm ကနေ 5 cm အထိရှိတယ်။ 2.5 cm ထက်တိုနေရင် တခြားနည်းတွေနဲ့ ထပ်စစ်ရမယ်။ သားအိမ်လည်ပင်းအတွင်းပြွန်လမ်းဟာ V-shaped ပုံလား၊ U-shaped လားစစ်ရမယ်။ ကတော့ပုံက ကိုယ်ဝန်စောမွေးစေနိုင်တယ်။ တိုနေမှသာ စောမွေးမှာစိုးရိမ်ရတယ်။ တိုလေလေ စောမွေးနိုင်လေလေဖြစ်တယ်။ မွေးရာပါ၊ ပိုးဝင်ဘူးတာနဲ့ သားအိမ်ဝမလုံတာ ဖြစ်နိုင်တယ်။

Cervical length assessment ကိုယ်ဝန်ဆောင်မှာ သားအိမ်လည်ပင်းကို (အာလ်ထွာဆောင်း) နဲ့ တိုင်းတာရတယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ၂ ခါတိုင်းတယ်။ ၁၄ ပါတ်မှာ တခါနဲ့ ၂၄ ပါတ်မှာ တခါတိုင်းတယ်။ ၂၂-၂၄ ပါတ်မှာ ၁၅ မီလီမီတာထက်တိုရင် ပုံမှန်မဟုတ်ဘူး။ တချို့ဆရာဝန်တွေက မွေးလမ်းထဲကနေ ရိုက်တဲ့နည်းနဲ့ ကိုယ်ဝန် ၁၈ ပါတ်နဲ့ ၂၂ ပါတ်မှာ တိုင်းကြတယ်။ ပုံမှန်ကိုယ်ဝန်ဆိုရင် ကိုယ်ဝန် ၂ဝ ပါတ်မှ သားအိမ်လည်ပင်းက ၄ဝ မီလီမီတာ၊ ၃၄ ပါတ်မှာ ၃၄ မီလီမီတာရှည်တယ်။

သားအိမ်ဝ (လည်ပင်း) ရှည်နေတာအတွက် စိုးရိမ်ရန်မရှိလောက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး