Matriculation ဂေဇက်ထွက်ပြီ

ဆယ်တန်းအောင်စာရင်း သတင်းတွေဖတ်နေရတယ်။ ကြုံတုန်းကြွားအုန်းမယ်။ ကျွန်တော် ဆရာဝန်ဖြစ်တဲ့အထိ စာမေးပွဲပေါင်း အနည်းဆုံး (၁၇) ခုဖြေတာ တခါမှ ဂုဏ်ထူးမရခဲ့ဘူး။

မုံရွာက ကျွန်တော့်မိဘများအိမ်မှာ ချင်းတွင်းအနောက်ဖက်ကကျောင်းသားတွေ ၄-၅-၆ ယောက် နှစ်တိုင်းရှိတယ်။ အစောဆုံးကျောင်းလာတက်တဲ့ ကျွန်တော့်ထက်အသက်နည်းနည်းကြီးတဲကျောင်းသား ဆယ်တန်းဂေဇက် (အဲသည်တုံးက အောင်စာရင်းလို့သိပ်မပြောပါ) ထွက်တော့ ည ၉ နာရီခွဲ၊ မြန်မာ့အသံ အင်္ဂလိပ်ပိုင်းကနေ ကြေညာတယ်။ ကျွန်တော်က ၇ တန်းလားမသိဘူး။ အဲတာ အဖေက အိပ်နေတဲ့ကျွန်တော့်ကို နိုးပြီးနားထောင်ခိုင်းတယ်။ အိမ်ကိုလာနေကြတဲ့ ကျောင်းသားတွေကို စာမေးပွဲအောင်စေချင်၊ တောပြန်တဲ့ ကျောင်းသားဆီလည်း သတင်းကောင်း ပို့ချင်တာကိုး။ ကျွန်တော့ကို နိုးလို့ကိုမရဘူးတဲ့။

အဲဒီခေတ်က ဆယ်တန်းအောင်ချက်က ၁၄% ပဲရှိတယ်။ အဲဒီခေတ်က ၄ တန်း၊ ၇ တန်း၊ ၉ တန်းနဲ့ ၁ဝ တန်းတွေက အစိုးရစစ် ခေါ်တယ်။ ကျွန်တော် အကုန်လုံးမိတယ်။ ၉ တန်းကို ဟိုက်စကူးဖိုင်နယ်ခေါ်တယ်။ ဆယ်တန်းကို (မက်ထရစ်) ခေါ်တယ်။ တရားဝင်က တက္ကသိုလ်ဝင်တန်း။ ကျွန်တော်တို့ (၈) တန်းရောက်တော့ သူငယ်ချင်း ဝင်းခင်ကပြောတယ်။ ဒု-အကြို- တက္ကသိုလ်ဝင်တန်းတဲ့။ ဦးဝင်းခင် ဗုဒ္ဓဂါယာဘုရားဖူးလာရင်း ဒေလီနေတဲ့ကျွန်တော့်ကို လာတွေ့တယ်။

ကျွန်တော်နား ရေဒီယိုမထောင်ပေမယ့် အောင်သွားတဲ့ ဦးဘယူ တလောက မြိုင်နယ်၊ ကျောက်တောင်ရွာပြန်ပြီး အလှူလုပ်တယ်။ ဦးပြေကျော်အမျိုးတယောက်နဲ့လည်း ဖေ့စ်ဘွတ်မှာတွေ့တယ်။ ကနေ့ ဆယ်တန်းအောင်သူတွေလည်း နောင် အနှစ် ၄-၅ဝ ကြာရင် သည်လိုပဲ ပြန်ပြောကြအုန်းမယ်ထင်တယ်။

ဒေါက်တာတင့်ဆွေ
၆-၆-၂ဝ၁၅
၁ဝ-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး