Sebaceous hyperplasia

ဆရာ ကျနော် (ကျမ) က ဝက်ခြံငယ်ငယ်ကတဲက မထွက်ပါဘူး။ ခု အသက်ကြီးလာတော့ အဆီခဲတွေ အရေပြားအောက် အဖုအဖုလေးတွေ။ အဲဒီအတွက်ရော ဆေးရှိပါသလားဆရာ။ ပေါ်လာတယ် ညှစ်ထုတ်လို့လဲမရဘူး။ တခါတခါ ယားပါတယ်။

• Sebaceous hyperplasia ဆိုတာ အရွယ်လတ်နဲ့ အသက်ရလာသူတွေမှာဖြစ်တယ်။ အများကြီးဖြစ်နေတာပါ။ ကင်ဆာကို မဖြစ်ပါလို့ ပြောနိုင်သလောက်ရှိတယ်။
• အရေပြားမှာ ချွေးထွက်ပေါက်လေးတွေမယ် အဆီလို (ဆီဘမ်) ဆိုတာရှိတယ်။ သူ့အလုပ်တာဝန်က အရေပြားနဲ့ အမွှေးဆံပင်တွေကို ကို ရေခံနိုင်အေင်လုပ်ပေးတယ်။ ခြောက်သွေ့မသွားစေအောင် လုပ်ပေးနေတယ်။
• အမွှေးပေါက်တွေနဲ့ ဆက်နေပေမဲ့ အမွှေးမရှိတဲ့နေရာမှာလဲ ရှိသေးတယ်။ လက်ဝါးနဲ့ ခြေဖဝါးတွေမှာသာ မရှိပါ။
• (ဆီဘမ်) တွေများလာရင်ဆော့ အဆီပြန်တယ်လို့ ခေါ်ကြတာ ဖြစ်လာမယ်။ အပြင်ကရှိတဲ့ ဗက်တီးရီယား အသေတွေပါ ရောလို့ အနံ့မကောင်းဖြစ်လာမယ်။
• မွေးကာစကလေးတွေမှာ အဆီအဖြူဖတ်တွေများတာမျိုး တွေ့ဘူးကြမယ်။ အဲတာက အခုပြောတဲ့ (ဆီဘမ်) တွေနဲ့ သေသွားတဲ့အရေပြားဆဲလ်တွေ ရောနေတဲ့ Vernix caseosa ခေါ်တယ်။
• လူ့ကိုယ်ဟာ ဆီကောင်းကောင်းထိုးထားတဲ့စက်နဲ့တူတယ်။ ဒီလိုဖြစ်နေမှလဲ ကောင်းတယ်။
• အဲဒါတွေက သူ့အုပ်သူလုပ်ပေးနေသူအတွက် အရေပြားကို စိုနေအောင်လုပ်ပေးမဲ့ အရေပြားသုံး အလှအပပစ္စည်းမျိုး ဝယ်လိမ်းနေစရာမလိုပါ။
• သိပ်များတာလဲ မကောင်းပြန်ပါ။ ဘာလို့များသလဲ။ ဟော်မုန်းတွေကြောင့်ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဟော်မုန်းအမျိုးမျိုးက အမြဲမပြတ် အနည်း-အများ ပြောင်းလဲနေတယ်။ ရာသီ၊ ကိုယ်ဝန်၊ အပျိုဖြစ်၊ သွေးဆုံး၊ တချိန်နဲ့တချိန် မတူပါ။ ဝက်ခြံပေါက်ရတာလဲ ဒါကြောင့်ဖြစ်တယ်။
• များတာကနေဆက်ပြီး Rosacea, Seborrhea, Sebaceous cyst, Sebaceous hyperplasia, Keratosis pilaris, Sebaceous prominence ဆိုတဲ့အခြေအနေတွေ ဆက်ဖြစ်နိုင်ပါတယ်။
• သူထွက်ရမဲ့အိတ် ပိတ်နေရင် Sebaceous cyst လေးတွေ ဖြစ်လာမယ်။ အဖြစ်လဲ များတယ်။ ကာယံမသင့်ရင် ပိုးဝင်လို့ ပြည်တည်နိုင်တယ်။ လိုအပ်ရင် (ကြီးလာရင်၊ နာရင်၊ ပိုးဝင်ရင်) ခွဲစိတ်ထုတ်ပေးရမယ်။ ခွဲစိတ်ဆရာဝန်လက်သင်တွေ ဒါကနေစရတတ်တယ်။
• ဘယ်လိုဆင်ခြင်မလဲ၊ အရေပြားကို ဘယ်လိုဂရုစိုက်မလဲ။ နည်းတွေ၊ ဆေးတွေ အများကြီး ရှိတယ်။ ကြော်ညာကောင်းတွေလဲ အလွန်များတယ်။ ကြောညာနောက်တော့ မလိုက်စေချင်ပါ။
• အခြေခံကတော့ အရေပြားသန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားသောက်နဲ့ မလိုအပ်ပဲ ဆေးအပြင်းတွေကနေ ရှောင်ရှားဘို့သာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး