Happy Children's Day ပျော်စရာကောင်းသော ကလေးများနေ့

ကလေးများနေ့ကို နိုင်ငံအလိုက်ကျင်းပတာ မတူကြပါ။ ဇွန်လ (၁) ရက်နေ့ကိုကျင်းပတဲ့နိုင်ငံတွေကတော့ အယ်လ်ဘေးနီးယား၊ အင်ဂိုလာ၊ အာမေးနီးယား၊ အဇာဘိုင်ဂန်၊ ဘိုင်လိုရပ်စ်၊ ဘီနင်၊ ဘူလ်ဂေးရီးယား၊ ဘော့စနီးယား ဟက်ဇာဂိုဘေးနီးယား၊ တရုပ်၊ ကမောဒီးယား၊ ချက်၊ အရှေ့တီမော၊ အီကွေဒေါ၊ အက်စတိုးနီးယား၊ ဂျော်ဂှယာ၊ ဂီနီဘစ်ဆော၊ ကဇာ့ကစ်စတန်၊ ကိုဆိုဗို၊ ကဇာစ်တန်၊ လာအို၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မက်ဆီဒိုးနီးယား၊ မကာအို၊ မော်လ်ဒိုဗာ၊ မွန်ဂိုးလီးယား၊ မွန်တီနီဂရိုး၊ မြန်မာနိုင်ငံ၊ မိုဇမ်ဘစ်၊ နိုက်ကာရာဂွာ၊ ပိုလမ်၊ ပေါ်တူကီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆားဗီးယား၊ ဆလိုဗားကီးယား၊ တာ့ကစ်စတန်၊ တန်ဇန်နီးယား၊ တာ့ခ်မင်နစ်စတန်၊ ယူကရန်း၊ အူးဇဗက်ကစ်စတန်၊ ဗီယက်နမ်နဲ့ ယီမင်နိုင်ငံတွေဖြစ်ပါတယ်။

၁၉၅ဝ ကတည်းက International Day for Protection of Children နှစ်စဉ် ဇွန်လ (၁) ရက်နေ့မှာ နိုင်ငံတကာ ကလေးများ ကာကွယ်ရေးနေ့အဖြစ် ကျင်းပလာခဲ့ကြတာပါ။

Universal Children's Day ယူနီဗာဆယ်ကလေးများနေ့ဆိုတာက နိုဝင်္ဘာ (၂ဝ) ရက်နေပါ။ ၁၉၅၄ မှာ ကုလသမဂ္ဂကနေ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အများသိတဲ့ ကလေးများနေ့ဆိုတာ ဖေဖေါ်ဝါရီ (၁၃) ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်ပါတယ်။ ဒေလီမှာနေရတုံးက ယမုန်နာဆေးခန်းမှာ ဆရာမတွေကို ကနေ့ဘာနေ့လဲလို့မေးတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လို့ မှန်မှန်ကန်ကန်ဖြေနိုင်သူက မတူပီကလာတာ။ အသက် ၁၆ နှစ်ဝန်းကျင်ပဲရှိမယ်။ အလွန်ဝမ်းသာမိတယ်။ နာမည်က Janese Even Ngalaeng ဖြစ်တယ်။

ကလေးတွေက ခွင့်လွှတ်ကြသူတွေဖြစ်ပါစေ။

ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၆
၁-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး