Sharing ရှယ်ကြသူများ အစားစား

ပညာရှိစကား၊ ခေါင်းဆောင်ကြီးများမိန့်ခွန်း၊ ဘာသာရေးအဆုံးအမတွေကို ထည့်သုံးတတ်ကြတယ်။ ဖေ့စ်ဘွတ် ကွန်မင့်မှာလည်း အဲလိုဟာတွေကို ပုံတွေဘာတွေနဲ့ တင်ကြတယ်။ တချို့ အဲလိုလုပ်သူက သူ့ကိုယ်သူ အဲဒီလိုပညာရှိ၊ အဲလိုခေါင်းဆောင်မျိုး၊ အဲလိုဓမ္မကထိကလို့ အထင်ရောက်ခံချင်ကြပုံရတယ်။ ဖတ်ရသူတွေကို တရားနာပရိသတ်လို့ သဘောထားပုံရတယ်။ ပြိုင်ရင်နိုင်အောင် အလုံးကြီးကြီးနဲ့ကိုင်သလိုမျိုး။ မကောင်းတော့ မဟုတ်ပါ။ တချို့က ကိုယ့်အားနည်းချက်ကို ဖုံးဖိချင်တာနဲ့ အကောင်းစားတွေကိုငှားပြီး သူများမြင်အောင် ပြတတ်ကြတယ်။

တီရှပ်မှာ ဆူပါမင်းပုံပါတိုင်းတော့ သူရဲကောင်းမဟုတ်ပါ။ ခုနစ်အိမ်ကြား ဘုရားရှိခိုးတဲ့သူမျိုးဆို သတိသာထားလို့ မိတ်ဆွေရင်းပြောတာကို ကိုးကားရေးမိတော့ အဲလိုမပြောသင့်ကြောင်း ကွန်မင့်ရေးလာတာခံဘူးတယ်။ တရားခွေတွေ အကျယ်ကြီးဖွင့်ထားတဲ့အိမ်မှာ ဓမ္မအစစ်ကိုသိသူ ရှိချင်ရှိပါမယ်၊ သူများတွေကိုတော့ အနှောင့်အယှက်ဖြစ်စေတယ်။ ဟိုးအရင်နှစ်ပေါင်း ၂၅ဝဝ ကျော်တုန်းကတော့ တရားရှာသူတွေက ဆိတ်ငြိမ်ရာကိုသာရှာခဲ့ကြတယ်။

ဒေါက်တာတင့်ဆွေ
၇-၆-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး