Permanent Tattoo ပါမင့်နင့်တက်တူး ထိုးထားသူများ

ဝေဘန်တာ ထောက်ပြတာမှာ အနှောင့်အသွားလွတ်လေကောင်းလေ။ တိတိကျကျ အထောက်အထားရှိပေမယ့် ဒဲ့ဒိုးမပြောအပ်တာတွေရှိတယ်။ လူနာမည် အသင်းအဖွဲ့အမည်တွေလည်း ရှောင်ပြောသင့်ရင် ချန်ထားရသေးတယ်။

ဒေါ်စုခရီးထွက်တဲ့သတင်းတွေတက်နေချိန်မို့ ဆိုင်တာလေးတခုတော့ ပြောချင်လာတယ်။ အသေးစားတော့မဟုတ်ပါ။ တခါတလေသာကြုံတာလည်း မဟုတ်ပါ။ ဒေါ်စုပြည်ပခရီးတိုင်းမှာ ကြားရ၊ သိရ၊ ကိုယ်တိုင်ကိုယ်ကျကြုံရတာပါ။ အရေးပါတဲ့သူလာရင် အရေးမပါသူတွေက ရှေ့ကရောက်လာကြတယ်။

စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ (ဘင်နာ) ကိုင်ခိုင်းရတာ လူမရှားပါ။ ဓါတ်ပုံရိုက်ခံပြီးလို့ အဲလိုပုဂ္ဂိုလ်မျိုး အိမ်ပြန်သွားရင်တော့ ခိုင်းရတာအားမနာတဲ့သူသာ ရှာခိုင်းပေတော့။

ဒေါ်စု အမေရိကားလာတဲ့အစီအစဉ်အကြောင်း ကောင်းကောင်းကြားသိရတယ်။ ဒေါ်စု နယူးဒေလီလာတာကိုတော့ အပ်ကျမတ်ကျသိတယ်။ ပွဲကြီးလမ်းကြီး လူအုပ်ကြီးရှေ့မှာ ဆရာကြီးလုပ်၊ ကွယ်ရာမှာ ဒေါ်စုကို အမနာပ ရစရာမရှိအောင် ရေးသားပြောဆိုနေတာလည်းသိတယ်။

ဝေဘန်ထောက်ပြခြင်း (ပရိုတိုကောလ်) အရ စည်းစောင့်သူတွေကစောင့်တော့ နာမည်မပေါ်လို့ အဲလိုလူမျိုးတွေက သူရဲကောင်းထင်ခံရတယ်။ ထိုးထားတဲ့ ဟီးရိုးတက်တူးကလည်း (ပါမင့်နင့်)။ ဘယ်သူဘယ်ဝါဆိုတာ ဒေါ်စုနဲ့ ကွန်မြူနတီ တွေ့ဆုံတဲ့ပွဲမျိုးတွေမှာ ခြံစည်းရိုးပေါက်ကနေ တိုးရသူအချင်းချင်းသာသိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး