Aloof ကျွန်တော်မပါ သူတို့ချည်းသာ

ကျွန်တော့်ပို့စ်တခု = Fanatical သမတလောင်း

ကွန်မင့်တခု = Myat Ko အခြေနေအချိန်ခါနဲ့ခံစားချက်ပေါင်းရင် ထရန့်ဘက်က အခြေနေကောင်းနေတာပေါ့ဆရာ။

ကျွန်တော်အထင် ဒေါ်နယ်ထရမ့် နိုင်မယ်လို့တော့ မမြင်ပါ။ သူတို့ကြိုက်တာကို သူတို့ရွေးကြမယ်။ ဈေးဝယ်သလိုပဲ နောက်ဆုံးမိနစ်အထိ ဈေးဆစ်ကြအုန်းမှာ။

ကွန်မင့်တခု = U Zaw Paing ဆရာဦးတင့်ဆွေ ဂန်းပေါ်လစီက ရေစာမပါပါ ဆိုတာကို နားလည်သယောင်ရှိသော်လည်း အဘောရှင်းနဲ့ ဂေးဟာ ငါးနှစ်ခါ လာနေကျထက် မပိုရေးချမပိုဆိုတာ အဓိပ္ပါယ်ဖွင့်၍ မရပါ။ ရှင်းပြပေးပါဆရာ။

ယူအက်စ်မှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခုမှာ ခြားနားတာရယ်လို့ သိပ်မရှိလှပါ။ ဒီမိုကရက်တွေက လစ်ဘရယ်ပိုကျတယ်။ တန်းတူရေး၊ လူ့အခွင့်အရေး စတာတွေကို ရှေ့တန်းတင်တယ်။ ရီပတ်ဘလီကင်တွေက ဘာသာရေး နည်းနည်းလေး ပိုတယ်။ ကိုယ်ဝန်ဖျက်ချခွင့်ကို ဥပဒေကန့်သတ်ချင်တယ်။ လိင်တူကိုလည်းအဲလိုပဲ။ ဒါပေမယ့် သေနတ်တော့ ကိုင်ချင်ကြတယ်။ အဲဒီ တို့တာဝန်အရေးသုံးပါးကို ငါးနှစ်တခါ စကားများနေကျ။

ကွန်မင့်တခု = Han Linn ဆရာကရော အဲ့ဒီ့မှာ မဲပေးပိုင်ခွင့်ရလားဆရာ။

မရှိပါ။ တတမ္ဘာလုံးမှာ ဘယ်နေရာမှ ကျွန်တော်က အရွေးခံခွင့်ရော မဲပေးခွင့်ပါမရှိပါ။ အဲတာ ၁၉၉ဝ က ရခဲ့တဲ့ဆုပေါ့ဗျာ။ မြန်မာပြည်နဲ့ တမ္ဘာကြီးမှာဖြစ်ပျက်နေတာတွေအားလုံးဟာ ကျွန်တော့်ခြေလက် ကင်းရှင်းပါတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး