Buffalo shoulder ကျွဲပခုံး

- Lu Myo Aung ကုလားပြီးတော့ တရုတ် လုပ်လိုက်ကြဟေ့

တင်တဲ့သူက အိန္ဒိယကနေ ဂြိုလ်တု (၁ဝ) ခုကို တပြိုင်တည်းလွှတ်တင်ပြီးနောက် တရုပ်ကလည်း အားကျမခံ တန်ချိန် ၆ဝဝ နီးပါးလေးပြီး ပေ ၁၇ဝ ရှည်တဲ့ ဒုံးပျံသစ်တစင်းကို လွှတ်တင်လိုက်တဲ့သတင်းကိုရေးတာပါ။

- Tint Swe တို့သီတင်းကျွတ်ကတော့ ဝေးသေးတယ်။ Smile!

- Myo Tint ဆရာ့အရေပြားကလဲ တော်တော်ထူတယ်ဆရာ။ ကျနော်တို့အတွက် မှီခိုစရာပါ။

သူက ကျွန်တော်တင်တဲ့ ပမာသူဖုန်းစားအောက်မှာ ရေးလာတာပါ။

- Tint Swe ကျွန်တော်က ကျွဲပခုံး။ ဆင်အရေက မွေးကတည်းကထူတယ်။ ကျွဲကတော့ ထမ်းရပိုးရမှ ထူလာတာ။ အဲတော့ မှီတဲ့သူတွေ ရွံ့ပေမယ်။ Smile!

Buffalo Hump ဆိုတဲ့ရောဂါရှိတယ်။ ဂုတ်ပိုးမှာဖြစ်တဲ့ အကျိတ်။ အများအားဖြင့် Lipoma, Cyst အဆီတွေစုဝေးတာပါ။ ရှားပါးတဲ့ ဆိုးဝါးတဲ့ရောဂါတွေလည်းရှိသေးတယ်။ AIDS အတွက်ပေးနေတဲ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုး၊ Extreme obesity အဝလွန်ကဲခြင်း၊ Cushing’s syndrome ကူရှင်းဆင်ဒရုမ်း၊ Osteoporosis အရိုးအားနည်းရောဂါနဲ့ Steroid စတီရွိုက်ဆေး ကြာကြာသုံးခြင်းတွေကနေ ဖြစ်စေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး