Old is not always Gold အဟောင်းနဲ့ အသစ် (သို့) ကျွန်တော့် ဘဝတသက်တာမှတ်တမ်း

(တနှစ်တိတိကစာ)

• အသက် ၂၄ နှစ်၊ ဘွဲ့ရဆရာဝန်ဖြစ်၊ အလုပ်သင် ၁ နှစ်၊ အစိုးရဆရာဝန်ဖြစ်။
• ဖေါင်ကြီးလွှတ်၊ တောကိုလွှတ်၊ သောင်ပြင်လွှတ်၊ လူနာပင်လယ်ပြင်ကိုလွှတ်။

• တတိယအမ်ဘီကတည်းကဝယ်ထားတဲ့ နားကြပ်နဲ့ တောအရပ်မှာ စမ်းသပ်ဆေးကု၊
• လူ့အသက် ဝကွက်အပ်သူတွေလာစု၊ နာတာမမှု၊ ဘာဖြစ်မှာမမှု၊ ဆရာဘာပြောပြောအန်မတု။

• ခွဲစိတ်နဲ့ ဆေး၊ ကလေးနဲ့ မီးယပ်သားဖွါး၊ တနေ့တခြား၊
• အားထားသူမရှား၊ အားကိုးသူ တနယ်တလွှား၊ များသထက်များ။

• လာသမျှရောဂါ ရှိတာနဲ့ကု၊ ခွဲစိတ်မှု ရှားပါးခြင်းကိုအန်တု၊
• အရေးပေါ်လာ တော်တာနဲ့ပြုစု၊ အတွေ့အကြုံမများ အားနာနာနဲ့ဆေးကု။

• တိုက်နယ်ခြောက်နှစ်၊ လက်ထောက်ဆရာဝန်ဖြစ်၊
• ဟိုနေရာနှစ်နှစ် သည်နေရာနှစ်နှစ်၊ မြို့နယ်ဆရာဝန်ဖြစ်။

• ငါးနှစ် ကိုယ်အရပ်မှာတာဝန်သစ်၊ ၁၉၈၈၊ လုပ်သက် ၁၅ နှစ်၊ အလုပ်ထွက်ဖြစ်၊
• နောက်နှစ်နှစ်၊ အမတ်ဝင်ရွေးဖြစ်၊ ဝရမ်းပြေးဖြစ်၊ ပြည်ပြေးဖြစ်။

• ၂၄ နှစ် အိန္ဒိယမှာနေဖြစ်၊ လုပ်သာလုပ်ရ ဘာမှမဖြစ်၊
• ပြီးခဲ့တဲ့နှစ် ရဖြူဂျီဖြစ်၊ နေရာအသစ်၊ ဘဝအသစ်လိုလိုဖြစ်၊
• ဆရာဝန်ဘဝ အဟောင်းဖြစ်၊ အမတ်ကအဟောင်းဖြစ်၊ တိုင်းပြည်ဟောင်းကတော့ အသစ်မဖြစ်။

ဒေါက်တာတင့်ဆွေ
၁၁-၆-၂ဝ၁၅
၁၁-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး