Happy Birthday and Happy Father’s Day

ဇွန် (၁၈) ရက်ဟာ မြေးအကြီးဆုံးမွေးနေ့။ အိမ်မှာ ရီစရာပြောနေကျ။ သမီးက ဖွါးစုထက်တရက်ကြီးတယ်လို့။ မြေး (၇) ယောက်မှာ သူပဲပြည်တွင်းမှာမွေးခဲ့ပါတယ်။ ကွန်တော်တို့ရဲ့သားအကြီးဆုံးက စိတ်ချလက်ချထားရစ်ခဲ့တဲ့သူ့သမီးကို  အဖိုးနဲ့အဖွါးက သမီးရင်းလိုပဲ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ဒေလီ ယူနီဗာစီတီက နိုင်ငံရေးသိပ္ပံဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ကျွန်တော်တို့ပေးနိုင်တာကလည်း ကျွန်တော့်မိဘတွေလိုပဲ လက်လှမ်းမီသလောက် ပညာကိုသာဖြစ်ပါတယ်။

ကျွန်တော်တို့လိုမိသားစုတွေ အလွန်များနေပြီ။ မိဘတွေကသာ မြန်မာပြည်ထဲမှာမွေးပြီး နောက်မျိုးဆက်တွေက တခြား တိုင်းပြည်တွေမှာ မွေးဖွား ကြီးပြင်းကြရတယ်။

နက်ဖြန်လည်း ဒီတိုင်းပြည်မှာက ဖခင်များနေ့။ ဇွန်လ တတိယတနင်္ဂနွေနေ့ကို ဖခင်များနေ့လို့သတ်မှတ်တဲ့နိုင်ငံတွေက များပါတယ်။ အာဖကန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ အင်တီဂူအာ + ဘာဘူးဒါး၊ အာဂျင်တီးနား၊ အာရူးဘား၊ ဘဟားမား၊ ဘာရိန်း၊ ဘင်္ဂလားဒက်ရှ်၊ ဘာဘေးဒိုးဒစ်၊ ဘီလဇ်၊ ဘရူနိုင်း၊ ဘာမြူးဒါး၊ ကနေဒါ၊ ကမ္ဘောဒီးယား၊ ချီလီ၊ ကော့စတာရီကာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အီသီယိုပီးယား၊ ပြင်သစ်၊ ဂါနာ၊ ရိုင်ယာနာ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ဂျမေကာ၊ ဂျပန်၊ ကင်ညာ၊ ကိုဆိုဗို၊ ကူဝိတ်၊ လာအို၊ မကာအို၊ မဒါကာစကာ၊ မလေးရှား၊ မော်လ်တာ၊ မောရေးရှပ်စ်၊ မိဇမ်ဘစ်၊ နမီးဘီးယား၊ နယ်သာလန်၊ အိုမန်၊ ပါကစ္စတန်၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွါတိုရီကို၊ ကာတာ၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့် + ဂရင်နေဒင်း၊ စင်္ကာပူ၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ဆူရီနိမ်း၊ ထရီနီဒက် + တိုဘေကို၊ ကျူနီးရှား၊ ယူကေ၊ ယူအက်စ်အေ၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ဇမ်ဘီယာ၊ ဇင်ဘာဗွေ။

မြန်မာနိုင်ငံသားမိသားစုတွေ သန်းနဲ့ချီပြီး မတူတဲ့ လူနေမှုအဆင့်အတန်း၊ ခြားနားတဲ့ဓလေ့စရိုက်နဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကြားမှာ ရင်ဆိုင်ဖြတ်သန်းနေကြတယ်။ အရာရာမှာ အများကသတ်မှတ်တဲ့ ကောင်းတယ်ဆိုတာနဲ့ ဆိုးတာ ဒွန်တွဲရှိစမြဲပါ။ ရွေးချယ်လို့ရတာရှိတယ်။ မရတာလည်းရှိတယ်။ ကံတရားလို့ လွယ်လွယ်နဲ့ မှန်တာပြောရမှာပါ။

ဘယ်နေရာမှာနေနေ ပြည့်စုံကုံလုံတယ်ဆိုတာ ရှားတယ်။ နေတတ်အောင်နေဖို့ကို လေ့လာ၊ လေ့ကျင့်ယူကြရတယ်။ သွန်သင်ဆုံးမကြတယ်။ ဆုံးမရလွယ်သူဆိုတာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီရှိခဲ့မှဖြစ်တယ်။ ကံကောင်းအောင်အမှုကို အခုပြု၊ အခုဆုတောင်းလို့မရသလိုပဲ၊ ပါရမီကောင်းဖို့ရာ အခုဖြည့် အခုတော့မပြည့်ပါ။ ဒါပေမယ့် အခုထက်အရေးကြီးတာလည်း မရှိပါ။ မွေးနေ့ရှင်တွေအားလုံး ကံကောင်းကြပါစေ။ ဖခင်တွေအားလုံး ပါရမီရှိသူတွေဖြစ်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး