How to overpower မင်္ဂလသုတ်

၅-၁ဝ-၂ဝ၁၄ နေ့ကတည်းက တင်ခဲ့တာ လိုက်ခ် တခုလုပ်လို့ပြန်ပေါ်တာနဲ့ ပြန်တင်ပါရစေ။

့ ဆရာ၊ ကျမ့ မှာရောက်နေတယ်။ ကနေ့ဘဲ မြန်မာပြည်ပြန်မယ်ဆရာ။

အော့့် ခရီးလမ်းပမ်း အဆင်ပြေပါစေ။ ဆရာတော့ တခုခုလုပ်စရာရှိတိုင်း မင်္ဂလသုတ်ထဲကတပိုဒ်ကို အမြဲရွတ်တယ်။ ဆရာပုန်းအောင်းနေရတုံးမှာ မင်းရွာဆရာတော်ကလာပေးတာ။ ဗလာစာအုပ်ထဲကစာရွက်တခုမှာ ခဲတံနဲ့ သူကိုယ်တိုင် ရေးပေးထားတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ နကမ္ပတိ၊
အသောကံ ဝိရဇံ ခေမံ၊
ဧတံ မင်္ဂလ မုတ္တမံ။
ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း တည်းဟူသော လောကဓံတရား ၈ ပါးတို့နှင့်တွေ့ကြုံသော်ငြားလည်း၊ ဘုရား၊ ရဟန္တာတို့၏စိတ်သည် တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လဲမရှိဖြစ်တော်မူပါပေ၏။ ဤမှန်သောစကားကြောင့် ရပါလို၏။ ပါဠိလို၊ မြန်မာလို ရွတ်တယ်။

၁၉၉ဝ နိုဝင်္ဘာနဲ့ ဒီဇင်္ဘာတုန်းက မြန်မာပြည်ထဲမှာ ပုန်းနေရတုံးကလဲလွတ်တယ်။ တိုင်းပြည်ကနေ ထွက်ပြေးတာလဲ လွတ်တယ်။ အခက်အခဲရှိတိုင်းလဲ ကျော်လွှားနိုင်ခဲ့တယ်။ ပတ်စ်ပို့အတု (နာမည်အတု၊ အဖေအမေနာမည်အတုတွေ) နဲ့ နိုင်ငံတကာထွက်ခဲ့ရတာ အကြိမ်ပေါင်း မရေမတွက်နိုင်ဘူး။ အင်မီဂရေးရှင်းကောင်တာ အဝင်တိုင်း၊ အထွက်တိုင်းမှာ ရွတ်ခဲ့ရတာ ပြဿနာပေါ်လည်း ကျော်နိုင်ခဲ့တာချည်းပဲ။

ဒါကြောင့် ဒီကိုရောက်တာတာ ဘာထူးသလဲမေးရင် မိဘတွေပေးတဲ့နာမည်နဲ့ လူမျိုးအမည်ကို အမှန်အတိုင်း ပြောနိုင်တဲ့ဘဝ ရောက်ပြီလို့ ဖြေပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၁ဝ-၂ဝ၁၄
၂၁-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး