White Madonna lily အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ

မနေ့ကစပွင့်တဲ့ လီလီပန်းတွေ ပိုပြီးစွင့်ကားလာကြပြီ။

၂၃-၇-၂ဝ၁၅ နေ့ကကွယ်လွန်သွားသူတဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေပို့တဲ့ လွမ်းသူ့ပန်းခြင်းက လီလီပန်းတွေ ဖြစ်တယ်။

နောက်ပိုင်းမှာ လီလီပန်းကို နာရေးအတွက်သုံးလာကြပါတယ်။ သေဆုံးပြီးနောက်မှာ အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေလို့ ဆိုလိုတာဖြစ်ပါတယ်။ နာရေးပန်းကို အမင်္ဂလာလို့သွားယူလိုက်ရင် မှားပြီ။ လူ့အသက်တချောင်းအတွက် သတိတရ လွမ်းဆွတ်မှုကို လီလီပန်းကကိုယ်စားပြုပေးတာဖြစ်လို့ တန်ဖိုးထားအပ်ပါတယ်။

Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်း ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ White Madonna lily အဖြူရောင် မက်ဒိုနာ လီလီပန်းကို ဆိုလိုပါသတဲ့။ နတ်ဘုရားတွေရဲ့ ဘုရင်မ Hera ဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ မေလရဲ့ပန်းနဲ့ နှစ် (၃ဝ) ပတ်လည် မင်္ဂလာနေ့ပန်းလို့လည်း သတ်မှတ်ထားတယ်။

Lilies symbolize that the soul of the departed has received restored innocence after death.

Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅
၁၂-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး