Thursday, June 30, 2016

Prayer ဘုရားရှိခိုး

မြန်မာစာအကြောင်းရေးတိုင်း ကိုယ့်အမြင်ကိုယ့်အသိနဲ့ ဝင်ဆွေးနွေးကြတယ်။ ဆွေးနွေးတာတော့ ကောင်းပါတယ်။ ခိုင်မာတဲ့အထောက်အထားတော့ ပေးကြစေချင်တယ်။ ကိုယ့်ဖါသာတွေးယူတာမျိုးနဲ့တော့ မသင့်ပါ။ ကျွန်တော်ကတော့ ကိုယ်ပိုင်မဟုတ်တဲ့ ခိုင်မာတာတွေကိုသာ ထောက်ပြပါတယ်။

နမူနာ (၁) အနန္တသူရိယ အမျက်ဖြေလင်္ကာမှာ သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ ဖြစ်ပါတယ်။ မှတ်ချက် = တစ်တွေမဟုတ်ပါ။

နမူနာ (၂) ကန်တော်မင်းကျောင်းဆရာတော် ရေးသားစီရင်တဲ့ လောကသာရပျို့မှာ ကြွက်သေတခုအရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်ကို၊ သူ့ထက်လွန်ကဲ ကြိုးစေမင်း။ မှတ်ချက် = ကြွက်သေတစ်ခု မဟုတ်ပါ။

နမူနာ (၃) မင်းတုန်းမင်းလက်ထက်ကနေ၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်ကထုတ်သမျှ ဗမာနဲ့ မြန်မာငွေပိုက်ဆံတွေမှာ တကျပ်၊ ကျပ်တဆယ်၊ ကျပ်တရာလို့သာ ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။ မှတ်ချက် = ၁၈၇၂-၁၉၈၇ ကာလထုတ်ကနေစပြီး မြန်မာငွေပိုက်ဆံတွေမှာ တစ်ဆယ်နဲ့ တစ်ရာလုပ်လာတာ ဖြစ်ပါတယ်။

နမူနာ (၄) မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်းမှာ တသွေးတသား တမိဘ၊ ခြောက်ဆယ့်တနှစ် တလနှင့် တရက်သော၊ တမျိုးဘာသာ တစိတ်တဒေသ၏၊ တသွေးတသားတည်းဟူသော၊ မည်သူတဦးတယောက် တဖွဲ့ တသင်း၏လို့သာရေးထားပါတယ်။ မှတ်ချက် = တစ်တွေမဟုတ်ပါ။

မြန်မာ့စွယ်စုံကျမ်းမှာရေးထားခဲ့တာတွေအပြင် သိပ္ပံမောင်ဝရေးခဲ့တာ၊ လူထုဦးလှရေးခဲ့တာ၊ လှသမိန်ရေးခဲ့တာ၊ မင်းသုဝဏ်ရေးခဲ့တာ၊ စတာတွေကိုလည်း သက်သေအဖြစ်တင်ပြထားပြီးဖြစ်ပါတယ်။ နမူနာ (၅) ပေးပါရစေ။

အများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါမယ်။ (ဘာသာရေးဆွဲရေးလို့ တမျိုးတော့ မထင်စေလိုပါ။ သတ်ပုံကိုသာ ရေးတာပါ။) သြကာသကို နေ့စဉ်ရွတ်ဆိုကြမှာပါ။ စာနဲ့ရေးထားတာကို ဖတ်ဖူးကြပါသလား။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)၊ စာမျက်နှာ (၉၅) မှာ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင့့် မှတ်ချက် = တစ်တွေမဟုတ်ပါ။

အတွန့်တက်လိုသူများ ဘုရားရှိခိုးတိုင်းမှာ သတိတရားဝင်ကြစေချင်ပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀