Email signature ထန်းခေါက်ဖါ

ဖေ့စ်ဘွတ်လိုပဲ အီးမေးလ်သုံးသူတွေလည်း သတိပြုစရာလေးတွေရှိတယ်။

တချို့က ပို့တာမရောက်မှာစိုးလို့ မေးခွန်းကို ၃-၄ ခါထပ်ထပ်ပို့ကြတယ်။ တချို့က (ဆပ်ဂျက်) နေရာမှာသာရေးလို့ အကုန်မပါဘူး။ စာကိုယ်နဲ့တူတဲ့နေရာမှာ တခုမှရေးမထားဘူး။ တချို့က (ဆပ်ပဂျက်) မပါဘူး။ ငယ်ငယ်တုန်းက စာစီစာကုံးရေးနည်း၊ (လက်တာ ရိုက်တင်း) သင်ဖူးကြမှာပါ။

အခုဟာကတမျိုး။
သူငယ်ချင်းတို့ ရေ ...ခုလို မေးလ်  ပို့ ပေးတဲ့ အတွက်ကျေးဇူးအထူးတင်ပါတယ်
(စစ်ဂနေချာ) လုပ်ထားတယ်။ ဘယ်သူ့ဆီကလာလာ အဲလိုစာက (အော်တိုမက်တစ်) ပြန်တယ်။

ကျွန်တော်က ၅ တန်း ၆ တန်းကကောင်လား၊ ၉ တန်း ၁ဝ တန်းက သူငယ်ချင်းလား၊ ဆေးကျောင်းတုန်းကလား စဉ်းစားရတယ်။ ဘယ်သူ့ဆီကနေ ဘာလာလာ ထန်းခေါက်ဖါတလုံးထဲမှာ အကုန်စုထည့်သလိုပဲ။

ကျွန်တော်ဆီ ရေးတာ-မေးတာ သိပ်အတိအကျကြီးတော့မလိုပါ။ စနစ်တော့ကျစေချင်တယ်။ အချိန်ကုန် ခေါင်းရှုတ် သက်သာအောင်ပေါ့။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၆
ပုံကို ကျေးလက်သားလေးထဲကယူပါတယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး