Teeth သွားပေါက်ချိန်

၁။ ကျွန်မအမည်က့ ပါ။ အသက်က၂၅ ပါ။ ကျွန်မသားလေးက မနက်ဖြန်ဆို ၉ လပြည့်ပါပြီဆရာ။ သွားကတချောင်းမှ မပေါက်သေးလို့ စိုးရိမ်ရလားသိချင်လို့ပါ။့ ရောက်နေတာမို့ ဆေးခန်း ပြဖို့မလွယ်ကူလို့ပါဆရာ။ စာကို ဆုံးအောင် ဖတ်ပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်ရှင့်။ ဆရာကျန်းမာချမ်းသာပါစေရှင့်။
၂။ ဆရာမင်္ဂလာပါ ကျွန်မနာမည့့် ပါ။ မန္တလေးကပါ။ အသက်၂၄ပါ။ သမီးလေးက ၁ နှစ်ရှိပါပြီ။ ခုသမီးလေးက သွား ၃။ ချောင်းဘဲပေါက်သေးတယ်။ လမ်းလဲမလျှောက်တတ်၊ မတ်တပ်တောင်ယိုင်ယိုင်ဘဲရပ်တတ်တယ်ဆရာ။ အဲဒါဘာလို့လဲဆရာ။ တစ်ချို့ကအဲဒါအရိုးပျော့လို့တဲ့။ အရိုးသန်မာတဲ့ဆေးတိုက်ပေးရမယ်တဲ့။ ဟုတ်ပါသလားဆရာ။

ငယ်သွားများ။ Milk teeth, baby teeth, temporary teeth, primary teeth ငယ်သွားများ၊ ၂ဝ ချောင်းရှိသည်။
• 2 Lower central incisors အောက် အလည်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ (၄-၇)လ။
• 2 Upper central incisors အထက် အလည်ရှေ့သွားများ ၂ ချောင်း၊ ၆-၁၂ (၈-၁၂) လ။
• 2 Upper lateral incisors အထက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ (၉-၁၃) လ။
• 2 Lower lateral incisors အောက် ဘေးရှေ့သွားများ ၂ ချောင်း၊ ၉-၁၆ (၁ဝ-၁၆) လ။
• 4 First molars ပဌမအန်ရှေ့သွားများ ၄ ချောင်း၊ ၁၃-၁၉ (၁၃-၁၉) လ။
• 4 Canines အထက်-အောက် စွယ်သွားများ ၄ ချောင်း၊ ၁၆-၂၃ (၁၆-၂၃) လ။
• 4 Second molars အထက်-အောက် ဒုတိယအံသွားများ ၄ ချောင်း၊ ၂၂-၃၃ (၂၃-၃၃) လ။

Permanent teeth ကြီးသွားများ၊ စုံလင်ချိန်၌ စုစုပေါင်း ၃၂ ချောင်းရှိသည်။ ၆ နှစ်မှစပေါက်ပြီး၊ ၁၃ နှစ်တွင် ၂၈ ချောင်း ရှိပြီး။ အံဆုံးတို့သည် ၁၇-၂၁ နှစ်ရောက်မှ ပေါက်သည်။
• 4 mandibular incisors အောက် ရှေ့သွားများ ၄ ချောင်း၊
• 4 maxillary incisors အထက် ရှေ့သွားများ ၄ ချောင်း၊
• 2 mandibular canines အောက် စွယ်သွားများ ၂ ချောင်း၊
• 2 maxillary canines အထက် စွယ်သွားများ ၂ ချောင်း၊
• 4 mandibular premolars အောက် ရှေ့အံသွားများ ၄ ချောင်း၊
• 4 maxillary premolars အထက် ရှေ့အံသွားများ ၄ ချောင်း၊
• 6 mandibular molars အောက် အံသွားများ ၆ ချောင်း၊
• 6 maxillary molars အံသွားများ ၆ ချောင်း၊

သွား + အရိုးအတွက် (ကယ်လ်စီယမ်) လိုတယ်။ ကလေးတွေမှာ တနေ့ (ကယ်လ်စီယမ်)
၁-၃ နှစ် = 700 milligrams
၎-၈ နှစ် = 1,000 milligrams
၉-၁၈ နှစ် = 1,300 milligrams လိုအပ်တယ်။
အသက် ၁ နှစ်ကနေ ၁၈ နှစ်အထိ နေ့စဉ် ဗီတာမင် D 600 IU ပါသင့်တယ်။ အရေပြားကိုနေရောင်ရရင် ကောင်းတယ်။

(ကယ်လ်စီယမ်) ပါတဲ့ အစားအသောက်များ = နွားနို့၊ ဒိန်၊ ဒိန်ခဲ၊ အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊ အရိုးပါစားလို့ရတဲ့ငါးများ၊ ကယ်လ်စီယမ်) ဖြည့်စွက်ပေးထားတဲ့အစားအသောက်များ။ စားသောက်တာထဲက မလုံလောက်ရင် ဆေးသောက်ပါ။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့ချိန် တနေ့မှာ ၅-၁ဝ မိနစ်ကြာလုပ်ပေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး