Just be patient စိတ်ရှည်လိုက်ပါဆရာ

Email signature ထန်းခေါက်ဖါကိုရေးနေတုန်း ချတ်ဘောက်စ်ကနေ တခုလာတယ်။ ရေးနေတာမဆုံးခင် အရေးပေါ်လားလို့ ပြေးဖတ်ပါတယ်။ နာမည်ကိုအဖျားဆွတ်ပြီး ရေးထားတယ်။

ဆရာ့  မျက်နှာမှာ တင်တိပ်ဖြစ်မှာကြောက်တယ်။ ဘယ်လိုကာကွယ်ရမလဲဆရာ့ ဆိုင်ဖွင့်ထားပါတယ်။့

အသက် မသိပါ။ အမျိုးသမီးလို့ထင်ပါတယ်။ အဲတာမှန်ရင် ရာသီ မသိပါ။ အိမ်ထောင်ရေး မသိပါ။ (ဆောရီး)

နာမည်ကိုအဲလိုအဖျားဆွတ်ခေါ်တာက မိန်းကလေးတွေ။ ဒါပေမယ့် မမြင်ရတဲ့သူကနေ တခါတည်းတန်းပြီး ကျား-မ ခွဲလို့ မဖြစ်ပါ။ နာမည်တွေကလည်း တချို့က ကျားရယ် မရယ် မှန်းမရတတ်ဘူး။ ခေတ်ပေါ်နာမည်တွေဆို ပိုမသိပါ။

စည်းကမ်းတို့ သတ်ပုံတို့ ရေးတိုင်း ဆရာ စိတ်ရှည်လိုက်ပါ။ သည်းခံပါဆရာနဲ့ ပညာပေးခံရစမြဲ။ အဆုံးမခံရစမြဲ။ အခုလည်း လာအုန်းမှာ သိနေတယ်။ လာနေတဲ့မေးခွန်းတွေကတော့ ကျွန်တော့်ကို စိတ်ရှည်ကြမှာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး