Without Coffee ဆက်ပြီး ခက်နေတုန်း

ယောက်ျားတယောက်နေ မိန်းမတယောက်အတွက်မေးတာနဲ့ မိန်းမတယောကက်နေ ယောက်ျားတယောက်အတွက် မေးတာတွေလာတိုင်း သိပ်အဆင်မပြေလှပါ။ လင်မယား၊ သမီးရည်းစားကတမျိုး။ သူများလင်ယောက်ျားဖြစ်နေတာကို တခြားမိန်းကလေးတယောက်ကမေးတာလည်း အဆင်မပြေလှပါ။ မေးတဲ့သူက သူ့ကိုယ်သူ ယောက်ျားလို့၊ မိန်းမလို့ မိတ်ဆက်တာရှိသလို ဖေ့စ်ဘွတ်နာမည်က ယောက်ျား-မိန်းမ မသိနိုင်တာရှိတယ်။ နာမည်ကို တမင်လွဲပြီး လုပ်ထားတာလည်းရှိတယ်။

• ချတ်ဘောက်စ်တခုကလာတဲ့မေးခွန်း
ဆရာခင်ဗျား ဆရာကတော့ ကိုယ်စားမေးပေးတာ မနှက်သက်ဘူးဆိုပေသိ အစအဆုံးဖြစ်စဉ်ကို သိနေလို့ ကိုယ်စား မေးပေးရခြင်းပါ။ ဆရာမနှစ်သက်ရင် ကြိုတင်တောင်းပန်ပါတယ်။ ဖြစ်တာက မိန်းကလေး ပါဆရာ။ အတူတူနေပြီး အရေးပေါ်ဆေးသုံးဖြစ်ပါတယ်။ အဲ့ဒီဆေးသုံးပြီး ရက်သတ္တပါတ် ၁ပါတ်ခွဲလောက်နေတော့ ဓမ္မတာလာပါတယ်ဆရာ ပုံမှန် ပမာဏပါဆရာ။ နောက်တစ်လမှာတော့ ဓမ္မတာလာခါနီး သာမန် အအေးမိဖျားပါတယ်။  အဖျားပျောက်အောင် ဆေးထိုးဆေးသောက်လည်းလုပ်ပါတယ်။ ဖျားနေတုန်းမှာ ဓမ္မတာလာပါတယ်ဆရာ ရက်ကလည်း အနီးစပ်ဆုံးမှန်ပါတယ်။ ဒါပေမယ့် ၂ ရက်လောက်ပဲ လာပြီးရပ်သွားပါတယ်ဆရာ။ အဖျားကတော့ ဆက်ဖျားနေတုန်းပဲဆရာ။ ဓမ္မတာရပ်သွားပြီး၂ရက်လောက်နေမှပျောက်ပါတယ်။ အခု လက်ရှိအချိန်မှာ တစ်လပြည့်တော့မှာပါ နောက်ဆုံး ဓမ္မတာလာခဲ့တဲ့ရက်နဲ့တွက်ရင်။ ဒါပေမယ့် ဓမ္မတာမလာသေးပါဘူးဆရာ။ ကြားထဲမှာလည်း ကောင်လေးနဲ့ အတူတူမနေတော့တာ ပထမဆုံးပြောခဲ့တဲ့ ဓမ္မတာမလာခင်ကတည်းကပါဆရာ။ အဲ့တာ သူက ကိုယ်ဝန်လို့ သံသယရှိနေပါတယ်ဆရာ။ ဆီးစစ်တဲ့ကိရိယာနဲ့လည်းမစစ်ဆေးကြည့်သေးပါဘူး။

• Dr. တင့်ဆွေ
မေးနည်းစည်းကမ်း

• ချတ်ဘောက်စ်အတူကလာတဲ့မေးခွန်း
ဆရာရှင့် ကျွန်မအသက်က ၂၀ပါ လွန်ခဲ့တဲ့ နှစ်လက ကျွန်မချစ်သူနဲ့အတူတူနေခဲ့ပါတယ်။ အတူနေပြီး အရေးပေါ် တားဆေးလည်းသုံးခဲ့ပါတယ်။ အဲ့ဒီလက အတူနေပြီး ၁ပါတ်ခွဲလောက်နေတော့ ရာသီလာပါတယ်။ ကြားထဲမှာ ကျွန်မအအေးမိပြီးဖျားပါတယ် ဆေးထိုးဆေးသောက်လုပ်ရပါတယ်။ ဖျားနေတုန်းမှာ ရာသီလာပါတယ်ဆရာ။
နှစ်ရက်ကျော်လေးပါ။ နည်းလဲနည်းပါတယ်။ အဲ့ဒီနောက် ဒီနေ့ထိဆိုရင် ရာသီလာတာ တစ်လပြည့်ခါန်ီးနေပါပြီ။
နှစ်ရက်ထဲရာသီလာပြီးနောက်ကြားထဲမှာ နှစ်ခါဖျားပါသေးတယ်။ ခုထိရာသီမလာသေးလို့ ကိုယ်ဝန်ရှိနိုင်သလား စိတ်ပူနေပါတယ်။ လွန်ခဲ့တဲ့ နှစ်လက အတူတူနေတာနောက်ဆုံးပါပဲ။ အဲ့ဒီနောက် တစ်ခါမှလည်းမတွေ့ဖြစ်ပါဘူး။ ဖြေပေးပါဦးဆရာရှင့်။

• Dr. တင့်ဆွေ
အတူနေပြီးနောက် သွေးဆင်းရင် အတူနေခဲ့တာကနေ ကိုယ်ဝန်မရစေပါ။ သေချာလိုရင် ဆီးစစ်ပါ။

• ချတ်ဘောက်စ်အတူကလာတဲ့မေးခွန်း
ဖျားလို့ ဆေးထိုးဆေးသောက်တာက ရာသီနောက်ကျတဲ့အပေါ်အကျိုးသက်ရောက်မှုရှိနိုင်ပါသလား။
ရာသီပေါ်အောင်ရော ဆေးထိုးဆေးသောက်လို့ရသလားရှင့်။

• Dr. တင့်ဆွေ
ဘာဆေးမှန်း မသိ။ ပြောမရ။

• ချတ်ဘောက်စ်အတူကလာတဲ့မေးခွန်း
ရာသီနောက်ကျတဲ့ ဖြစ်စဉ်က ကျန်းမာရေးထိခိုက်သလားဆရာ။

• Dr. တင့်ဆွေ
မေးခွန်းကို နားမလည်။

• ချတ်ဘောက်စ်အတူကလာတဲ့မေးခွန်း
အခုလိုရာသီနောက်ကျတဲ့ဖြစ်စဉ်က ဆေးခန်းပြသင့်သလားဆရာ အခုလက်ရှိ ရင်သားကခဲနေသလိုတော့ ဖြစ်ပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၁ပါတ်လောက်က အဖြူဆင်းပါတယ်ဆရာ။ အဲ့ဒီဟာကရော ဘာကြောင့်လဲဆရာ။

• Dr. တင့်ဆွေ
အိုဂျီပြပါရန်။

ကနေ့မနက် ခုထိ ကော်ဖီမသောက်ရသေးပါ။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး