Betel Culture

အမေစုမကြိုက်တဲ့အလုပ်ကို မလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ မုံရွာသား ကိုဇော်

အောင်မြင်တဲ့ ကွမ်းယာသမားအဖြစ်ရပ်တည်လာတာ ၁၉ နှစ်ရှိပြီတဲ့။ အဓိကဝင်ငွေရတဲ့ စီးပွားရေးလုပ်ငန်းကို အမိန့်အာဏာကြောင့်မဟုတ်ဘဲ ပိတ်ပစ်ရဲတဲ့ မုံရွာသား။ ရှာမှရှားတဲ့ လူကောင်းသူကောင်း။
အမေစုဟာ လက်ပံတောင်းအရေးနဲ့ မုံရွာကိုရောက်လာခဲ့တုန်းက စကားဦးသမ်းခဲ့တယ်။ ကွမ်းယာတွေ သိပ်မစားကြနဲ့တဲ့။ ရောင်းတဲ့သူ စီပွားပျက်အောင်ပြောတာမဟုတ်ပါဘူး၊ အခြားအလုပ်ပြောင်းလုပ်ဖို့ တိုက်တွန်းရမှာပေါ့ နော် တဲ့။

အမေမကြိုက်တဲ့ ကွမ်းယာလုပ်ငန်းကို အမေစုရဲ့ မွေးနေ့အမီ ရပ်ဆိုင်းလိုက်ခြင်းဟာ အမေသာဓုခေါ်မယ့် မွေးနေ့ ဂါရဝပြုခြင်းပါပဲ။

ကိုဇော်ရေ့ မင့်နှမလေး ယုမွန်အောင်ဆိုတာ ငါ့တပည့်။ သူဆရာဝန်ဖြစ်တော့မယ်။ သူစာမေးပွဲအောင်မြင်ကြောင်း မမနုက ဒီနေ့ပဲ ငါ့ကို ဖုန်းဆက်ပြီးပြောပြတယ်။ အခု FB မှာ မင်းရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်အကြောင်း သိခွင့်ရတယ်။ ငါ နှစ်ထပ်ကွမ်း ဝမ်းသာရတယ်ကွာ။

ပြီးတော့ မင်းငယ်ငယ်လေးတုန်းက ရောဂါတခုနဲ့ သေလုမျောပါးဖြစ်နေတုန်း မင်းကို အသက်လုပြီး ကယ်ခဲ့တာ ငါ့အစ်ကို ဒေါက်တာတင့်ဆွေပါ။ NLD က ရွေးကောက်ခံအမတ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေဟာ အခု မင်းရဲ့ ကောင်းသတင်းကို ကြားရရင် ဝမ်းသာပီတိဖြစ်နေမှာ သေချာတယ်ကွ။ ငါ ဆက်သွယ်ပြီး ပြောပြလိုက်မယ်။ မင်းရဲ့ စီးပွားရေးလုပ်ငန်းသစ်မှာလည်း အထူးအောင်မြင်ပါစေကွာ။ (Lu Myo Aung)

ဒီသတင်းကို အခုပဲရတယ်။ မနေ့ကပဲ ကွမ်းယာကို ကျန်းမာအောင်စားကြဖို့ ရေဒီယိုကနေပြောလိုက်သေးတယ်။ ပြင်ရာမှာ သတ္တိမွေးဖို့လိုကြသူကများလို့ပါ။ သုံးထပ်ကွမ်းဝမ်းသာတယ် ကွမ်းယာဆရာရေ။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး