Remembrance ငယ်စဉ်တောင်ကြေး ကလေးဘဝ

Shwe Pauk ဆရာ့မှတ်ဥာဏ်က အရမ်းကောင်းပါတယ်။ ဖတ်ရတာလည်းဝမ်းသာတယ်။

Khinmimi Khine ဆရာ့မှတ်ဥာဏ် အရမ်းကောင်းလိုက်တာ အားကျမိပါတယ်။

ကျွန်တော်က (၅) နှစ်သားအထိ ဇာတိဖြစ်တဲ့ ပုလဲမြို့နယ် မင်းရွာမှာနေခဲ့ရတယ်။ ၃-၄ နှစ်သားမှာ ဆော့ကစားရင်းနဲ့ အမေ့ပြည်တောင်း ခြေတံရှည်မီးဖိုချောင်အောက်က ယမားကချောင်းရေလာတဲ့အထဲ ကျသွားတာလည်း အမှတ်ရသေး။ ကျွန်တော်ပုဆိုးဝတ်တတ်တာ နောက်ကျခဲ့တာလည်းသိတယ်။ ဆောရီး။

အဲဒီကာလ (၁၉၄၈-၁၉၅၃) မှာ ချင်းတွင်းမြစ်အနောက်ဖက်တလွှားကို အလံနီအဖွဲ့က လွှမ်းမိုးထားတယ်။ အလံနီမှန်း မသိခဲ့ပါ၊ သူပုန်လို့ပဲခေါ်ကြတယ်။ ညဆိုရင် ခွေးဟောင်တိုင်း သတိထားနေကြရတယ်။ ဓါးပြတွေက ငါးတောင့်ထိုး (အဲဗားရယ်ဒီ) လက်နှိပ်မီးတဝင်းဝင်းနဲ့လာကြတာ။ အဖေနဲ့အတူ ခြံစည်းရိုးခြုံထဲမှာ ပုန်းနေခဲ့ရတာအမှတ်ရတယ်။ ကြောက်လို့ရင်ခုန်တိုင်း ကိုယ်ထဲကနေ (အဒရီနလင်) ဓါတ်ထွက်ကြောင်း ဆေးကျောင်းရောက်မှသိတယ်။

မိဘတွေအိမ်က အိမ်ကြီးရခိုင်ဖြစ်တော့ သူပုန်တွေလာလည်း အိမ်မှာပဲတည်းကြတယ်။ အစိုးရတပ် (ရဲအဖွဲ့) လာလည်း အိမ်မှာပဲစားကြသောက်ကြတယ်။ သေနတ်တွေကို အိမ်ကစပါးကျည်မှာ ဝါးခြင်းတောင်းတွေနဲ့ထည့်ထားတာကို အခုထိ မျက်စိထဲမြင်နေတုန်းပဲ။

မူလတန်းကျောင်းသားဘဝမှာ ရွှေ့နေတဲ့မုံရွာအိမ်ကနေ နွေကျောင်းပိတ်တိုင်း မင်းရွာကိုအလည်ပြန်တယ်။ မိဘတွေရဲ့ အိမ်ဟောင်းနေရာမှာ ပျက်စီးနေတဲ့ကားကြီးနှစ်စီးရှိတယ်။ ကားတွေကို စက်နှိုးတိုင်း အကိုကြီးနဲ့ကျွန်တော်တို့ ငယ်ငယ်က နှစ်ယောက်သားဖက်ဖက်ငိုကြတယ်လို့ အမျိုးတွေကပြောတယ်။ တကယ်ငိုခဲ့တာကိုတော့ မမှတ်မိပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး