Blog and Facebook

ယူအက်စ်ကိုရောက်စ အီးမေးလ်အတွက်အချက်အလက်တွေပြန်ပေးရတယ်။ အတိအကျပေးရတာ။ အီးမေးလ်အတွက် ကုဒ်ကို ပေးထားတဲ့ဖုန်းက မက်ဆေ့ထဲကိုပြန်ပို့တယ်။ အဲလိုလုပ်ရတာ ၂ ခါ ၃ ခါ။ စိတ်မရှည်တာနဲ့ အီးမေးလ်အသစ် လုပ်တယ်။ အီးမေးလ်အဟောင်းနဲ့ဖွင့်ထားတဲ့ ဘလော့ကို ပြင်မရ တင်မရဖြစ်သွားတာနဲ့ ဘလော့သစ်ဖွင့်ရပြန်ရော။ အစအဆုံးလုပ်ရတယ်။

အခုတော့ အီးမေးလ်အဟောင်းလည်းပြန်ရပြီဆိုတော့ ဘလော့အဟောင်းကိုပါ တင်ချင်ပြင်ချင်ရသွားပြီ။ မရတာက အချိန်။ ပြင်ချင်တာတွေရှိပေမယ့် မတတ်နိုင်ပါ။ ဆက်ဖတ်နေကြတာတွေ့တယ်။

ယူအက်စ်ကိုရောက်မှ အသစ်ဖွင့်ထာတဲ့ ဘလော့။ Dr. Tint Swe's Writings http://doctortintswe.blogspot.com/ မှာ
Total Pageviews လာရောက်ဖတ်ရှုသူများ Sparkline 899,514 တသန်းဂဏန်းနီးလာပြီ။

ဒိအရင် Medical Writings ဆေးပညာစာများ http://dts-medicaleducation.blogspot.com/ မှာ
Pageviews Today 2,786,883 ၂ သန်းကျော်သွားပြီ။

ဘလော့ကို ဖေ့စ်ဘွတ်ထက်ပိုပြီးသဘောကျတယ်။ သိချင်တဲ့သူ သိချင်တာရှာဖတ်လို့ရတယ်။ ကွမင့်ကိုပိတ်ထားတော့ စိတ်မညစ်ရဘူး။ Smile!

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၆

Open House ကြည့်ချင်ပွဲ

ကျွန်တော့်ပို့စ်တခု = Blog and Facebook

ကွန်မင့်တခု = Aungtun Lay ကွန်မန့် ပါတာက တနင်္ဂနွေနေ့ နဲ့ ဆင်ဆင်တူပြီး ကွန်မန့် မပါတာက ဘုန်းကြီး တရားနာ ရတာနဲ့တူပါတယ် ဒါကကျွန်တော့်အထင်ပါ

ကျွန်တော့်စာတွေကတော့ အရပ်ထဲမှာကတဲ့ ဗလာပွဲ။ ကြည့်ချင်ပွဲလည်းခေါ်တယ်။ တခါတခါ ခဲကျလာ၊ တခါတခါမှာ ပြောင်းဖူးအူတိုင် လာတယ်။

လွမ်းစရာလေးရေးတာမှာ ရောဂါမေးလာတယ်။ မင်းသမီးလွမ်းဆွေးနေတုန်း၊ ကလေးကထငိုသလို။ ခပ်သောသောလေး ရေးတာအောက်က ဘောက်ဆတ်ဆတ်လာတတ်တယ်။ လူရွှင်တော်ပျက်နေတုန်း၊ ဗြုံးဆို မိုးရွာချသလို။ ပိုက်ဆံပေးစရာ မလိုတာမို့ ပွဲကတော့စည်ပါရဲ့။

စည်းကတော့ ရုံသွင်းတဲ့ပွဲနဲ့ မကွာပါ။ နေရာတကာ ကွမ်းသွေး၊ တံတွေး၊ အခင်းကြီး အခင်းလေး။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး