Lenovo ideapad

ကျွန်တော့်မှာ ကွန်ပြူတာတခုကို ပြောင်းသုံးရပြန်ပါပြီ။ စားပွဲတင်ကွန်ပြူတာ 384, 486 အဖြူ-အမည်း မော်နီတာခေတ် ကတည်းက DOS စနစ်ကိုအလွတ်ကျက်ပြီး ကိုယ့်လူအချင်းချင်းဆီက သင်ယူလာရကတည်းကဆိုရင် ရုံးသုံးနဲ့ ကိုယ်ပိုင်သုံး ဒက်စ်တော့ပ်၊ လက်ပ်တော့ပ် အရေအတွက် အသက်လောက်ရှိမလားပဲ။ တခါပြောင်းရင် တခါ အသစ်နဲ့ယဉ်ပါးအောင်လုပ်ရတဲ့ဒုက္ခလည်း မသေးလှပါ။

စာကူသင်နေတဲ့ကျောင်းကနွေကျောင်းပိတ်လို့ ကျောင်းကပေးထားတဲ့ လက်ပ်တော့ကို ပြန်အပ်ရမယ်။ ဖြစ်ညှစ်ပြီး လက်ပ်တော့တလုံး အခုပဲ ဝယ်လာခဲ့ရပါတယ်။ Lenovo ideapad 300-171SK, CPU Intel 13-6100U 2.3 G, RAM 4G, HDD 500G, LAN 100M/1000M, ODD DVD RW, Display 17.3” HD+ LED, Battery 4Cell, OS Windows 10 Home ကို $350 ပေးခဲ့ရတယ်။ Word processor နဲ့ Anti-virus က ဝယ်ရအုန်းမှာ။

အသစ်မှာ စုံအောင်ကမထည့်သေးလို့ ရေးတာတွေဖြေတာတွေမှာ ကြံ့ကြာပါအုန်းတယ်။ ဆောရီး။ ပြည်ပနိုင်ငံရေး လုပ်ခဲ့စဉ်ကတော့ အဖွဲ့အစည်းကပိုက်ဆံနဲ့ဝယ်ခဲ့ရတာပါ။ အခုတော့ DVB website ကပဲ စာရေးရင် ပိုက်ဆံပေးတာ ရှိတယ်။ အခုပဲ စာတပုဒ်တင်ပေးထားတာတွေ့လို့ ကံကောင်းပါတယ်။ နောက်ဘယ်နှစ်ပုဒ်ဆို လောက်မလည်းတော့ မပြောတတ်ဘူး။ စာရေးဖြစ်တာပေါ့။ Smile!

ဒေါက်တာတင့်ဆွေ
၁၇-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး