Wednesday, June 29, 2016

မဟာစည်ဆရာတော် သတ်ပုံစစ်ခြင်း



(တ) ကို (တစ်) လုပ်ထားတဲ သတ်ပုံအလွဲတွေကို ရေးနေတာများလှပြီ။ မူရင်းအမှန်ကိုသိရလို့ ပြင်လာသူတွေအတွက် အားတက်ရတယ်။

ကျွန်တော်ကတော့ တယောက်ပြီးတယောက်ကို ကြိုးဝိုင်းပေါ် တင်ပေးနေပါတယ်။
မီဒီယာဖခင်တဦး လူထုဦးလှရေးခဲ့တာကို တမြန်နေ့ကတင်ပါတယ်။
မြန်မာစာလောကဆရာတဆူ လှသမိန်ရေးတာကိုလည်း မနေ့ကတင်ပါတယ်။
မြန်မာစာနဲ့ ကဗျာအရာမှာ ဆရာတဆူဖြစ်သူ မင်းသုဝဏ်ဘာသာပြန်တာကို အခုလေးတင် တင်ပါတယ်။

သည်တခါ ဘာသာရေး

ဝိပဿနာရှုနည်းကျမ်း၊ ပထမတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည်
စာမျက်နှာ ၉၅ = တစ်စုံတစ်ခုသော

ဝိပဿနာရှုနည်းကျမ်း၊ ဒုတိယတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားရေးသားစီရင်တော်မူသည်
စာမျက်နှာ ၁ဝ၃ = တစုံတယောက်က

မူရင်းမြန်မာစာ၊ မူရင်းကဗျာ၊ မူရင်းဘာသာပြန်တွေကို တမျိုးတမည်လုပ်တာသာမက ဝိပဿနာစာအုပ်မှာပါ ဝိဝါဒကွဲစရာတွေက အလွန့်အလွန်အရုပ်ဆိုးပါတယ်။ စာအုပ်တိုက်တွေ၊ အယ်ဒီတာတွေ၊ စာပြင်ဆရာတွေမှာ တာဝန်ရှိကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...