Friday, June 24, 2016

July ဇူလိုင်

ဇူလိုင်ဆိုတဲ့နာမည်ကို ဂျူလီယက်ဆီဇာကို သူ့မွေးလဖြစ်လို့ ရောမဆီးနိတ်ကနေ ဂုဏ်ပြုမှည့်ခေါ်ခဲ့တယ်။ အရင်ကတော့ Quintilis ကွင်တီလစ်လို့ခေါ်တယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ အပူအိုက်ဆုံးလနဲ့၊ တောင်ခြမ်းမှာ အအေးဆုံးလဖြစ်တယ်။ မုတ်သုန်ဥတုရှိရာဒေသတွေမှာ မုတ်သုန်မိုးဖြိုင်ဖြိုင်ရွာတယ်။ ၂ဝ၁၆ ခုနှစ် ဇူလိုင်လဟာ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၁) ရက်နေ့ကနေ ဝါဆိုလပြည့်ကျော် (၁၂) ရက်နေ့အထိဖြစ်ပါတယ်။

ဇူလိုင်လအထိမ်းအမှတ်နေ့များ
ဇူလိုင် ၁ ရက် = ဆရာဝန်များနေ့ (အိန္ဒိယ)၊ လွတ်လပ်ရေးနေ့ (ဆိုမာလီ)၊ ကနေဒါနေ့၊ 
ဇူလိုင် ၃ ရက် = လွတ်လပ်ရေးနေ့ (ဘဲလားရုစ်)၊
ဇူလိုင် ၄ ရက် = လွတ်လပ်ရေးနေ့ (ယူအက်စ်)
ဇူလိုင် ၅ ရက် = နိုင်ငံတကာသမဝါယမနေ့၊ ရေတပ်မတော်နေ့ (ယူကရိန်း)၊ လူငယ်များနေ့ (စင်္ကာပူ)။ လွတ်လပ်ရေးနေ့ (အယ်လ်ဂျီးရီးယား)၊ (ကိပ်ဗာဒီ)၊ (ဗင်နီဇွဲလား)၊
ဇူလိုင် ၆ ရက် = အမေနေ့ (တောင်ပိုင်းဆူဒန်)
ဇူလိုင် ၉ ရက် = အမျိုးသားသစ်ပင်နေ့ (မက်ဆီကို)
ဇူလိုင် ၁၂ ရက် = အဖေနေ့ (ယူရူဂွိုင်း)
ဇူလိုင် ၁၉ ရက် = ကလေးများနေ့ (ကျူးဘား၊ ပနားမား၊ ဗင်နီဇွဲလား)
ဇူလိုင် ၂၆ ရက် = မိဘများနေ့ (ယူအက်စ်)၊ သစ်ပင်နေ့ (သြစတေးလျ)၊ ရေတပ်မတော်နေ့ (ရုရှား)၊ ဖခင်နေ့ (ဒိုမီနီကန်)၊ 
ဇူလိုင် ၉ ရက် = လွတ်လပ်ရေးနေ့ (အာဂျင်တီးနား၊ တောင်ဆူဒန်)၊
ဇူလိုင် ၁ဝ ရက် = လွတ်လပ်ရေးနေ့ (ဘဟားမား)
ဇူလိုင် ၂ဝ ရက် = လွတ်လပ်ရေးနေ့ (ကိုလမ်ဘီယာ)
ဇူလိုင် ၂၁ ရက် = အမျိုးသားနေ့ (ဘယ်လ်ဂျီယန်)
ဇူလိုင် ၂၃ ရက် = တော်လှန်ရေးနေ့ (အီဂျစ်)
ဇူလိုင် ၂၅ ရက် = ဖွဲ့စည်းပုံနေ့ (ပွါတိုရီကို)
ဇူလိုင် ၂၆ ရက် = လွတ်လပ်ရေးနေ့ (မောလ်ဒိဖ်) 
ဇူလိုင် ၂၈ ရက် = လွတ်လပ်ရေးနေ့ (ပီရူး)
ဇူလိုင် ၃ဝ ရက် = လွတ်လပ်ရေးနေ့ (ဗန်နော်တူး)

ဇူလိုင်လပန်း 
- နိုင်ငံတကာ = ကြာပန်း၊
- မြန်မာဝါဆိုလ = ပုန်းညက်ပန်း၊ မြတ်လေးပန်း၊ မိကျောင်းပန်း။

ဇူလိုင်လအစားအသောက်များ (ယူအက်စ်)
- National Blueberry Month ဘလူးဘယ်ရီ၊
- National Ice Cream Month အိုက်စ်ခရင်မ်၊
- National Hot Dog Month ဟော့ဒေါ့၊

ဇူလိုင်လ ကျန်းမာရေးပညာပေးများ
- Cord Blood Awareness Month ချက်ကြိုးသွေးအသိပညာပေးလ၊
- International Group B Strep Throat Awareness Month စထွက်ပ် (ဘီ) လည်ချောင်းနာရောဂါအသိပညာပေးလ၊
- Juvenile Arthritis Awareness Month ကလေးသူငယ်အဆစ်နာအသိပညာပေးလ၊
- World Hepatitis Day ကမ္ဘာ့အသည်းရောင်ရောဂါနေ့ = ဇူလိုင် (၂၈) ရက်။

တခြားနိုင်ငံတွေမှာ ပတ္တမြားဟာ ဇူလိုင်လရဲ့ကျောက်မြက်ရတနာဖြစ်တယ်။ မြန်မာနိုင်ငံအတွက်တော့ နီရဲတာတူပေမယ့် သွေးဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဇူလိုင်လရောက်ရင် မုတ်သုန်မိုးနဲ့အတူ သွေးမြေကျခဲ့ရပါတယ်။ ၁၉၆၂ ဇူလိုင် (၇) ရက်မှာ စစ်အစိုးရကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ သွေးမြေကျခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းတွေ ၁၉၄၇ ဇူလိုင် (၁၉) ရက်မှာ သွေးမြေကျခဲ့တယ်။ 

နက္ခ္ခတ်ဗေဒအလိုအရ ဆယ်နှစ်ရာသီခွင်ဟာ ဇူလိုင်မှာ (ကင်ဆာ) နဲ့ (လီယို)၊ ကရကဋ် နဲ့ သိဟ်ရာသီဖြစ်တယ်။ 

1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...