ဘုရားမှာ တခါဆုံတဲ့ ဖူးစာ
ဖူးစာ
ရေး မန္တလေး ဦးဘသိန်း
ဆို ကိုအံ့ကြီး
(မိုး တိမ်ဘုံအလယ် ငွေလရောင်မယ် မှုန်မှုန်သာရယ် ) ၂
(ကြည်ဖြူမယ်အချို့ မှိန်ရှာလို့ ယို့ယို့ဘဲစံမယ်) ၂
(ညဥ့်ဦးယံ လွှမ်းခဲ့ပေါ့ကွယ် လွမ်းစရာသည်ချိန်ခါမယ်။ ညငှက်ကလေးတွေ တေးဖွဲ့သံသာတယ်) ၂
နာခံလျက်ကွယ် မှေးစက်မပျော်ခဲ့ စိတ်စေစား မေ့အနားမှာ တဝဲဝဲလယ် ဘုရားမှာတခါဆုံတယ် ညကပါကွယ်။
(မျက်ထားညို ဘာအလိုများမကျ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့်သက်လယ်) ၂
(နှင်းမှုန်ပက်ဖျန်း မြောင်ပြန်လေနော့သရမ်းလို့လားကွယ်) ၂
ကွေးမလုံ ထွေးလာသူမယ့်အားနွဲ့လို့လားကွယ် (မောင်နဲ့အတူ မေလဲလွမ်းတတ်မယ်ထင်တယ် တွေ့ဆုံပုံရယ် ထူးတယ်ဆိုမယ် နဖူးစာရွာလယ်) ၂
သစ္စာနှစ်ကိုယ်ထား မေတ္တာဖလှယ် ဘုရားမှာ တခါဆုံတဲ့ ညကပါကွယ့့်။
မှတ်ချက် - တတွေကိုမလိုအပ်ပဲ တစ်တွေလုပ်မထားပါ။ မ နောက်က ဘဲလိုက်ဖေါ်မြူလာကို ကျွန်တော် မကြာမကြာ ငြင်းချက်ထုတ်ပါတယ်။ ဒီသီချင်းစာမှာ ယို့ယို့ဘဲစံမယ်လို့ ရေးပါတယ်။ တဝဲဝဲလယ်မှာ တဝဲဝဲလည်က ပိုပြီးသင့်မြတ်မလား ထင်မိပါတယ်။ ခုခေတ် တစ်သမားတွေက ဘုရားမှာ မဆုံကြပါ။့ မှာ။
ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၇
၁၅-၁-၂ဝ၁၈
Photo by Britney Honey ကျေးဇူး။
Photo by Thein Tun ကျေးဇူး။

Comments
Post a Comment