Urinary Incontinence in Children ကလေးဆီးခဏခဏသွားနေခြင်း

ဆရာမင်္ဂလာပါရှင့်။ ပထမဆုံးမေးခွန်းဖြစ်လို့အဆီငေါ်မတည့်ခဲ့ရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ သမီးလေးက အသက်လေးနှစ်ခွဲရှိပါပြီရှင့်။ ပြဿနာက သူဆီးမထိန်းနိုင်လို့ပါဆရာ။ သူသိတတ်တဲ့အရွယ်ကစပြီး မေမေရှူးပေါက်မယ် ရှူးပေါက်မယ်ဆိုပြီး အိမ်သာကိုပြေး အိမ်သာမရောက်ခင် အမြဲတမ်းလိုလိုလမ်းမှာတင် ထွက်ကျတတ်ပါတယ်ရှင့်။ အိပ်ယာထဲလည်း မကြာခဏဆိုသလို ဘောင်းဘီချွတ်နေရင်းကကို ထွက်ထွက်ကျတတ်သလို မူကြိုမှာလည်း မကြာခဏ အဲ့လိုဖြစ်တတ်တော့ ပတ်ဝန်းကျင်ကလူတွေကပါ သတိထားမိလာကြပါတယ်ဆရာ။ သူ့ကိုယ်သူလည်းသိတယ်။ မေမေ သမီးရှက်တယ်တဲ့။ ဘာလို့အဲ့လိုဖြစ်ဖြစ်နေလည်းမသိဘူး။ ကျောင်းက သူငယ်ချင်းတွေကလည်း စတယ်တဲ့။ ကျွန်မလည်း သူ့ကိုသနားလွန်းလို့ ဘယ်လိုလုပ်ရမှန်းမသိပါဘူးဆရာရယ်။ ဆီးသွားချင်ရင် သူ့မှာပျာယာခတ်နေတာ အဲ့ဒါ ရောဂါလားဆရာ။ ဘာလို့အဲ့လိုဖြစ်နေတာလဲဆိုတာသိချင်ပါတယ်ဆရာရှင့်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။

အသက် ၅ နှစ်ဆိုရင် ကလေး ၉ဝ% က ကိုယ့်ဆီးကိုယ် ထိန်းနိုင်ကြပြီ။ ၁ဝ နှစ်မှာ ၅% ကျန်သေးတယ်။ ၁၈ နှစ်အထိ ကြာသူ ၁% ရှိတယ်။

Overactive Bladder (OAB) ဆိုတာ ဆီးအိမ်ကအလုပ်ပိုလုပ်တာ။ Urges ဆိုတာ ဆီးသွားချင်ရင် အတင်းအမြန် ဖြစ်တာကို ခေါ်တယ်။ Leaks (Incontinence) ဆိုတာဆီးမလုံတာ။ Nocturia (Bedwetting) ဆိုတာ အိပ်ရာထဲ ဆီးသွားတာ။ တနေ့မှာ ဆီးသွားတဲ့အကြိမ် ၇ ခါထက်များတာကို urinary frequency လို့ခေါ်တယ်။ ကလေးတွေမှာ OAB ဖြစ်တာဟာ တင်ပါးဆုံတွင်းမှာရှိတဲ့ကြွက်သားတွေက အလုပ်ပိုလုပ်လာလို့ဖြစ်ရတယ်။

လူကြီးဆီးအိမ်တခုဟာ ဆီးပဏာမ ၄ဝဝ-၆ဝဝ မီလီလီတာဆန့်တယ်။ ရေ-အရည် တနေ့မှာ ၁့၅ လီတာထက်မများသင့်ပါ။

Behavioral techniques အမူအယာပြုပြင်နည်းလုပ်ရတယ်။ ဆီးသွားသင်တန်းဖြစ်တယ်။ ဆီးသွားချင်စိတ်ပေါ်လာရင် ၁ဝ မိနစ်ထိန်းနိုင်အောင်ကြိုးစားစေတယ်။ ကြာတော့ ၁-၂-၃ နာရီကြာထိန်းနိုင်လာမယ်။ ဆီးသွားတဲ့အခါ ရေအိမ်သာက မထွက်သေးပဲ ခဏနေတော့ ဆီးတခါထပ် သွားစေနည်းနဲ့ ဆီးအိမ်ထဲမှာ ဆီးကျန်မနေစေအောင် လုပ်နည်း။ ဆီးသွားချင်စိတ်မပေါ်သေးခင် ဆီးသွားနည်း။ အချိန်သတ်မှတ်ပြီး သွားချင်စိတ်မပေါ်ခင်သွားစေနည်းဖြစ်တယ်။ အစားအသောက်ထဲမှာ ဆီးများစေတဲ့ ကေဖင်းဓါတ်၊ အက်စစ်ဓါတ်များတာတွေကို ရှောင်စေတယ်။ ရေ-အရည် လျှော့သောက်စေတယ်။

Kegel exercises ခေါ် Pelvic floor muscle exercises ခေါ် ကီဂယ်လ်လေ့ကျင့်ခန်းလုပ်ပေးသင့်တယ်။ စာတပုဒ်ရေးထားတယ်။ လူကြီးရော ကလေးငယ်တွေပါသင့်မယ်။

Anticholinergics ဆေးတွေဖြစ်တဲ့ Oxybutynin (Ditropan XL) ဆေး၊ Tolterodine (Detrol) ဆေး၊ Darifenacin (Enablex) ဆေး၊ Fesoterodine (Toviaz) ဆေး၊ Solifenacin (Vesicare) ဆေး၊ Trospium (Sanctura) ဆေးနဲ့ Mirabegron (Myrbetriq) ဆေးတမျိုးမျိုးကိုသုံးနိုင်တယ်။

Alpha blockers ဆေးတွေဖြစ်တဲ့ tamsulosin (Flomax), alfuzosin (Uroxatral), silodosin (Rapaflo), doxazosin (Cardura) and terazosin ဆေးတမျိုးမျိုးပေးနိုင်တယ်။ Topical estrogen ခေါ် စီစထိုဂျင်ခရင်လိမ်းနည်းကို အရွယ်ကြီးအမျိုးသမီးတွေဆီးမလုံတာအတွက်ပေးတယ်။ Pessary ခေါ် ပစ္စည်းထည့်နည်းကိုလည်း အရွယ်ကြီးအမျိုးသမီးတွေအတွက်သုံးနိုင်တယ်။ Botulinum toxin type A (Botox) ထိုးဆေးနည်းလည်းရှိတယ်။ လူကြီးတွေအတွက်သာဖြစ်တယ်။

အိမ်တွင်းဆေးနည်းတွေလည်းရှိတယ်။ Corn silk ခေါ်ပြောင်းဖူးမွေးသုံးတယ်။ ဘယ်လိုသုံးသလဲ ကျွန်တော် မသိသေးပါ။ Gosha-jinki-gan တရုပ်တိုင်းရင်းဆေးလည်းသုံးတယ်လို့ဖတ်ရတယ်။ Ganoderma lucidum (GL) ခေါ် lingzhi mushroom မှိုကိုလည်းသုံးတယ်တဲ့။

ကလေးတွေမှာဖြစ်တာ အလိုလိုလည်းကောင်းလာပါမယ်။

• Kegel Exercises Mechanism (ကီဂယ်လ်) လေ့ကျင့်ခန်းနည်းစနစ် http://doctortintswe.blogspot.com/2016/05/kegel-exercises-mechanism.html
• Overactive bladder ဆီးခဏခဏသွားခြင်း http://doctortintswe.blogspot.com/2017/03/overactive-bladder.html
• Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း http://doctortintswe.blogspot.com/2017/02/urinary-incontinence-in-women.html

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး