The middle way အလယ်အလတ်လမ်း

အစွန်းနှစ်ပါးကို ရှောင်ရှားပါလို့ မြတ်စွာဘုရားက မိဂဓါဝုန်မှာဟောခဲ့တာ။ ဓမ္မစင်္ကြာတရားထဲမှာ။ ကျင့်စဉ်ကို ထောက်ပြပြီး၊ သွားရာလမ်းမှန် ရှစ်ပါးကို ညွှန်ပြတာ။

အဲတာကို နေရာတကာမှာ ယူယူသုံးကြတယ်။ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီတွေထဲမှာလည်း တွေ့တယ်။ အလယ်အလတ် ဆိုတာ နေရာအတော်များများမှာ လိုတာမှန်တယ်။ ဒါပေမယ့် မတော်ရာမှာ ဆွဲထည့်ကြတာ မသင့်ဘူးလို့ ထင်ပါတယ်။ တချို့က ရေးတော့ နိုင်ငံရေး၊ ရေးတော့ ပါဠိစာလုံးပါထည့်သေးတယ်။ လင်မယားရန်ဖြစ်တာကို ဖျန်ဖြေရာမှာလည်း မဇ္ဈိမပဋိပဒါ ထည့်ပြောကြတယ်။ ဆုံးမတာတော့ ကောင်းပါတယ်။ နားလည်မှုတော့ မလွဲသင့်ပါ။

ထပ်တက်ပြောရရင် ဘုရားဟောလို့ ဝေါဟာရကို တန်ဖိုးထားတာထက် ဝေါဟာရစကားလုံးမသိလည်း နည်းမှန်ဘို့နဲ့ လမ်းမှန်ဘို့ကသာ အရေးကြီးတာပါ။

ဒေါက်တာတင့်ဆွေ
၃-၁-၂ဝ၁၆
၂-၁-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ