Doctor Distress စိတ်ဖိအားများခြင်း နှင့် ဆရာဝန်

ကွန်မင့်တခုရလို့ ပြန်တင်တာဖြစ်ပါတယ်။ 

ဟုတ်ပါတယ်ဆရာ။ ဆရာပြောတဲ့အရာတွေကို ကျနော်တို့ကအခုလက်တွေ့ ခံစားနေရပါတယ်။ အမေရိကန်က ဆရာဝန်တချို့ ကိုယ့်ကိုကိုယ်သတ်သေကြတယ်တဲ့ဆရာ။အကြောင်းကလူနာတွေကိုသူတို့က အကောင်းဆုံးကုသမေယ့် လူနာက သူတို့ရှေ့မှာ အသက်ထွက်သွားတာကိုကြည့်ပြီး စိတ်မကောင်းနဲ့ တာဝန်ယူတဲ့စိတ်နဲ့ နောက်ဆုံး စိတ်ဓါတ်ကြလို့ အဲလိုသတ်သေကြတာဖြစ်တယ်လို့voaကပြောပါတယ်။ မြန်မာနိုင်ငံမှာလည်း ခန္ဓာကိုယ်တခုသာမဟုတ် စိတ်ပိုင်းကိုပါ အထောက်အကူပြုပြီး ကုသပေးတဲ့ဆရာဝန်တွေရှိလာဖို့ မျော်လင်နေမိပါတယ်ဆရာ။

ယူအက်စ်အေမှာ ဆရာဝန်တသိန်းမှာ ၂၈ ယောက်ကနေ ၄၀ တို့ မိမိကိုမိမိ သတ်နေကြတယ်လို့ ဖတ်ရတယ်။ အသက်မွေးမှုအမျိုးမျိုးထဲမှာ ဆရာဝန်က မိမိကိုယ်မိမိ သတ်သေသူများနေတယ်။ သူတို့ဟာ စိတ်ကျရောဂါ ဒါမှမဟုတ် တခြား စိတ်ရောဂါကို မကုသပဲနေကြတယ်။

ဒီလိုကောက်ချက်ချနိုင်ဘို့ ဆယ်နှစ်ကျော်လေ့လာမှုလုပ်ခဲ့ပါတယ်။ ဒီတွေ့ရှိချက်ကို American Psychiatric Association အမေရိကန်စိတ်ပညာ ၂၀၁၈ နှစ်လည်စာစောင်မှာ ရေးသားထားပါတယ်။ ဆရာဝန်တွေထဲမှ မေ့ဆေးဆရာဝန်တွေက အများဆုံး။ နောက်မှာ ခွဲစိတ်ဆရာဝန်တွေ။ အရေးပေါ်ဌာနဆရာဝန်တွေက တတိယ။

၁၉-၉-၂၀၁၉ နေ့က မြန်မာပြည်က ကလေးမလေးတယောက်က စိတ်ကျရောဂါဖြစ်နေပြီး သူ့ကိုယ်သူ သတ်သေချင်ကြောင်းရေး မေးပါ။ သူ့အဖြစ်အပျက်ကို တခြားသူတွေကို မသိစေချင်ပါဆိုလို့ မေးခွန်းကို မသုံးပါ။

Suicide prevention ကိုယ့်ကိုယ်ကိုသတ်သေခြင်း ကာကွယ်ရေး https://doctortintswe.blogspot.com/2014/11/suicide-prevention.html
Depression In Pregnancy ကိုယ်ဝန်ဆောင်စဉ် စိတ်ဓါတ်ကျခြင်း https://doctortintswe.blogspot.com/2017/11/depression-in-pregnancy.html
Stress, depression and the holidays အားလပ်ရက်များနဲ့ စိတ်ကျန်းမာရေး https://doctortintswe.blogspot.com/2014/12/stress-depression-and-holidays.html
Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ http://doctortintswe.blogspot.com/2014/11/depression-4.html
Depression (3) စိတ်ကျခြင်း http://doctortintswe.blogspot.com/2014/11/depression-3.html
Depression (2) ပုထုဇ္ဇနော http://doctortintswe.blogspot.com/2014/11/depression-2.html
Depression (1) စိတ်ကျရောဂါ http://doctortintswe.blogspot.com/2014/11/depression-1.html
Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ https://doctortintswe.blogspot.com/2016/02/postpartum-depression.html
Baby Blues ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ https://doctortintswe.blogspot.com/2019/03/baby-blues.html

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ကိုယ်စိတ်ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး