တအောင့်တမှိတ် တဆိတ်ဆိတ်ဖြင့်

တအောင့်တမှိတ်၊ တဆိတ်ဆိတ်ဖြင့်၊ ညိတ်ညိတ်ရွေ့သွား၊ နေ့အလားသို့၊ လုံးပါးချက်တိုင်း၊ ရပ်မဆိုင်ဘဲး၊ သင်းချိုင်းရှေးရှု၊ ပြေးစမူသား၊ ဤလူပေါယယ်၊ များကြီးငယ်တို့၊ ကိုယ်ဝယ်ဖြစ်ခြင်း၊ ကိုယ့်ကြောင်းရင်းနှင့်၊ အချင်းအတ၊ သဘာဝကို၊ ယမ်းဆစိုးစိ၊ မသိတုံရှောင်း၊ ဦးမတောင်းသား၊ ရပ်ကောင်းဘူမိ၊ ဘေးမယှိသို့၊ မိုက်မိမိုက်မဲး၊ အိမ်ထောင်မြဲးလျင်၊ ပျော်ပွဲးဖွဲ့ကာ၊ ပျော်စပါခဲ့၊ ကြမ္မာယိမ်းယိုင်၊ ပျက်ချိန်တိုင်က၊ ခရိုင်ပျက်ထီး၊ ဘောင်ကြီးကွဲးလံ၊ သောင်ကြီးယွံသို့၊ မကြံနိုင်စွာ၊ ငေးမှိုင်ကာလျှင်၊ ကြမ္မာအလျောက်၊ ရောက်ရာရောက်လိမ့်၊ ဘောက်ဘောက်ပြားပြား၊ မမြင်ငြားလော့၊ များလှအစုတ်၊ မြတ်ယုတ်မျိုးနွယ်၊ ကြီးငယ်ပုရွ၊ လူထိုမျှတို့၊ နေ့ညမခြား၊ အားပါးထုတ်မှု၊ ဆည်းပူးပြုသည့်၊ ပေါင်းစုရရာ၊ ထိုဥစ္စာကား၊ စားကာသောက်တုံ၊ ကြံပုံပျက်ရှုံး၊ ကုန်ခြင်းဆုံး၏့၊ သုံးဆဲ့တရွာ၊ သတ္တဝါတို့၊ ခန္ဓာဟုဆို၊ ယှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့နှိုက်၊ စုတေ့မမြဲး၊ ပြိုကွဲးအားလုံး၊ သေခြင်းဆုံး၏၊ ဘုံထုံးဘုံလေ့၊ မရွေ့စသာ၊ မချွတ်စွာတည့်၊

မန်လည်ဆရာတော်ဘုရားကြီး သီကုံးထုံးဖွဲ့အပ်သော မဟာသုတကာရီ မဃဒေဝ လင်္ကာသစ်၊ ၂၀၀၉ ခုနှစ်မှာ ပြန်လည် ရိုက်နှိပ် ထုတ်ဝေပါတယ်။ သတ်ပုံတွေကို မူရင်းအတိုင်းသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး