Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ

ဆရာ ကလေးအမေတယောက်နဲ့ အပျိုကလေးမလေးတယောက်ငြင်းနေတာကြားလို့ ရီချင်လို့ ဆရာ့ကိုမေးရအုံးမယ်။ ကလေးအမေကပြောတယ် သူကအလုပ်လုပ်တဲ့သူဆိုတော့ ကလေးအတွက်သူ့ နို့ရည်ညှစ်ခဲ့ပြီး ရေခဲသေတ္တာထဲသိမ်းရင် တလလောက်ခံတယ်လို့ပြောတာ၊ အပျိုမက မဖြစ်နိုင်ဘူး၊ ဘယ်ကောင်းတော့မလည်းတဲ့။

ကလေးထားခဲ့ပြီး အလုပ်သွားတဲ့ မိခင်နို့ကနေ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့နို့ကို ဘယ်လိုထားသိုမလဲ။
• အခန်းတွင်း အပူချိန် (66-72°F, 19-22°C) မှာ ၁၀ နာရီကြာထားနိုင်တယ်။
• ရေခဲသေတ္တာထဲမှာ (32-39°F, 0-4°C) ၈ နာရီကြာထားနိုင်တယ်။ ရေခဲသေတ္တာထဲမှာ နောက်နား ကပ်ထားပါ။
• အခန်းတွင်းအပူချိန်က နွေးနေရင် 80-90°F / 27-32°C ၃-၄ နာရီအထိ၊
• အပူချိန် 61-79°F / 16-26°C မှာ ၄-၈ နာရီ (အကောင်းဆုံးက ၃-၄ နာရီ)၊
• အပူချိန် 59°F / 15°C မှာ ၂၄ နာရီ၊
• အပူချိန် 32-39°F / 0-4°C မှာ ၃-၈ ရက် (အကောင်းဆုံးက ၃ ရက်)၊
• ခဲခန်းနဲ့ ရေခဲသေတ္တာနဲ့တွဲရှိတဲ့ Freezer compartment ခဲခန်းထဲမှာ ၃ ပတ်ကြာထားနိုင်တယ်။
• ရေခဲသေတ္တာနဲ့ တံခါးတပေါက်စီရှိတဲ့ Freezer compartment with a separate door ၃-၄ လအထိ။
• သီးသန့် ခဲသေတ္တာထဲမှာ Self-contained freezer (0°F, -19°C) (<39 br="">• Frozen and thawed ခဲထားပြီးနို့ကို ပြန်ပျော်စေပြီးနောက် ရေခဲသေတ္တာထဲမှာ ၂၄ နာရီထားပြီးလဲ သုံးနိုင်တယ်။
• Refrigerated milk အေးနေအောင်ထားသိုတဲ့နို့က Frozen milk ခဲနေအောင်ထားတဲ့နို့ထက် Anti-infective properties ရောဂါပိုးခုခံအား ပိုတယ်။
• ခဲနေအောင် သိုလှောင်ချင်ရင် နို့ကို အရင်ဆုံးအေးနေအောင်လုပ်ပြီးမှ ခဲစေပါ။
• နို့ကို ပျက်စီးအောင်ထားပေမဲ့ အချိန်ကြာလာရင် သတ္တုနံ့ရမယ်။ ဆပ်ပြာဆန်ဆန်ဖြစ်လာမယ်။ ပျက်စီးသွားတာ မဟုတ်ပါ။ အထဲက အင်ဇိုင်း တချို့ ဓါတ်ပြောင်းသွားလို့ဖြစ်တယ်။ အဲလိုနို့ကို ကလေးတိုက်နိုင်တယ်။ တကယ်လို့ ကလေးက မသောက်ချင်ဘူးဆိုရင် နို့ကိုနွေးပြီးနောက်မှ အေးတာထဲထည့်သိမ်းပါ။
• Microwave မိုက်ခရိုဝေ့ဖ် မသုံးပါနဲ့။
• အပူချိန်မတိုင်းခင် နို့ကို လှုပ်မွှေပေးပါ။
• နို့ကိုနွှေးရင် ပွက်တဲ့အထိ အပူမပေးပါနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး