Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို

(ကန်တော့)

၁။ မင်္ဂလာပါဆရာ သားအိမ်ခေါင်းကင်ဆာက အိမ်ထောင်မရှိတဲ့အပျိုတွေရောဖြစ်နိုင်ပါသလားဆရာ။ ရောဂါလက္ခဏာရော ဘယ်လိုပြပါသလဲရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်။
၂။ အပျိုအစစ်မှာ သာအိမ်ဝကင်ဆာဖြစ်နိုင်လားဆရာ။
၃။ ကြားဖူးတာက အပျိုတွေမှာ မဖြစ်ဘူးဆိုတာ မှန်ပါသလားဆရာ။
၎။ အိမ်ထောင်လည်းမရှိဘူး၊ လိင်ဆက်ဆံဖော်လည်းမရှိဘူး၊ မာစတာဘေးရှင်းလည်း မရှိဘူးဆိုရင် (၁) သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ဘို့ မရှိသလောက်ဟုတ်ပါသလားရှင်။ (၂) သားအိမ်ကင်ဆာရော အကြုံးဝင်ပါသလား။

အပျိုအစစ်မှာ သားအိမ်ဝ (ခေါင်း) ကင်ဆာ မဖြစ်နိုင်လောက်ပါ။ ဆရာဝန်ဆိုတာ ဘယ်အရာကိုမှ ၁ဝဝ% အာမခံချက် မပေးပါ။ ၁၉၅ဝ ခုနှစ်တုံးက လေ့လာမှုတခု လုပ်ခဲ့ပါတယ်။ အသက် ၂ဝ အရွယ်မှာ အိမ်ထောင်ပြုတဲ့မိန်းကလေးတွေ သူတို့ထက် အသက်ကြီးမှ အိမ်ထောင်ပြုသူတွေထက် သားအိမ်ဝကင်ဆာဖြစ်နိုင်ခြေ (၂) ဆရှိတာတွေ့ရတယ်။ ၁၉၅၂ မှာ ခရစ်ယန်သီလရင်ပေါင်း ၁၃,ဝဝဝ ယောက်ကိုလေ့လာခဲ့တယ်။ သားအိမ်ဝကင်ဆာဖြစ်တာ တယောက်မှ မတွေ့ရပါ။

သားအိမ်ဝကင်ဆာဖြစ်နိုင်ချေ တခြားအချက်တွေလည်းရှိပါသေးတယ်။ ဆေးလိပ်သောက်တာ၊ အစာအာဟာရညံ့တာ၊ ခုခံအားကျဆင်းတာတွေဖြစ်တယ်။ သားအိမ်ဝကင်ဆာနဲ့ဆက်စပ်နေတာက HPV (human papillomavirus) ခေါ် လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ဖြစ်တယ်။ ပိုးစမ်းလို့တွေ့တိုင်းတော့ ကင်ဆာမဖြစ်ပါ။ အမျိုးအစားခွဲတချို့ကနေသာ သားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။ သားအိမ်ဝကင်ဆာအများစုက လိင်ကနေတဆင့်ကူးစက်ရာကနေဖြစ်တယ်။

သားအိမ်ဝကင်ဆာမှာ အမျိုးအစားခွဲ ၂ မျိုးရှိသေးတယ်။ Squamous cell carcinomas နဲ့ Adenocarcinomas ဖြစ်တယ်။ Squamous cell carcinomas အမျိုးအစားက ဗဂျိုင်းနားထဲမှာရှိတဲ့ Exocervix သားအိမ်ဝအပိုင်းမှာဖြစ်တယ်။ သားအိမ်ဝကင်ဆာရဲ့ ၈ဝ-၉ဝ% ကအဲတာဖြစ်တယ်။ လိင်ကနေတဆင့်ကူးစက်တဲ့ HPV ကြွက်နို့ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်လို့ ယူဆရတယ်။

Adenocarcinomas အမျိုးအစားက Endocervix ခေါ် သားအိမ်အတွင်းထဲမှာရှိတဲ့နေရာမှာဖြစ်တယ်။ Neuroendocrine tumor ဆိုတဲ့ ရှားတဲ့သားအိမ်ဝကင်ဆာတမျိုးလည်းရှိသေးတယ်။ HPV နဲ့မဆိုင်လောက်လို့ ထင်ရတယ်။

သားအိမ်ဝကင်ဆာဟာ အပျိုရွယ် (စစ် + မစစ်) တသန်းမှာ ၁-၂ ယောက်သာဖြစ်တယ်။ အဲဒီအချက်တွေကြောင့် မိန်းကလေးတွေ လိင်စိတ်မဖြစ်ပေါ်မီ (၉-၁ဝ နှစ်သမီး) ကတည်းက HPV Vaccine ကာကွယ်ဆေးထိုးစေတာ ဖြစ်တယ်။

1. Cervical Cancer links သားအိမ်အဝကင်ဆာ ဖတ်စရာများ
2. Cancer of the Uterus သားအိမ်-ကင်ဆာ http://dts-medicaleducation.blogspot.com/2011/06/cancer-of-uterus.html
3. Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမှာဖြစ်တဲ့ ကင်ဆာတွေ http://doctortintswe.blogspot.com/2015/02/cancers-of-women-reproductive-system_5.html
4. Cervarix (HPV vaccine) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး
5. Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁) http://doctortintswe.blogspot.com/2017/05/cervical-cancer-1.html
6. Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/cervical-cancer-2_24.html
7. Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) http://doctortintswe.blogspot.com/2015/02/cervical-cancer-3.html
8. Cervical cancer in virgins သားအိမ်ဝကင်ဆာနဲ့ အပျို http://doctortintswe.blogspot.com/2015/12/cervical-cancer-in-virgins.html
9. Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်
10. Cervical cancer test DIY သားအိမ်ဝ-ကင်ဆာကို ကိုယ့်ဖါသာ စမ်းသပ်နည်း
11. Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး
12. Genital warts in women အမျိုးသမီး လိင်လမ်းကြွက်နို့ http://doctortintswe.blogspot.com/2014/11/genital-warts-in-women.html
13. HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း http://doctortintswe.blogspot.com/2014/12/hpv-vaccine-and-marriage.html
14. HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/11/pregnancy-and-hpv-vaccination_4.html
15. Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://doctortintswe.blogspot.com/2014/10/hpv-vaccine-for-ca-cx.html
16. Silent Killer သားအိမ်ဝကင်ဆာ http://doctortintswe.blogspot.com/2015/12/silent-killer.html
17. Vaccinating against cervical cancer သားအိမ်ဝကင်ဆာကာကွယ်ဆေး http://doctortintswe.blogspot.com/2015/12/vaccinating-against-cervical-cancer.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး