Gastritis အစာအိမ်ရောင်ခြင်း

၁။ ဆရာရှင် သမီး အသက် ၂၉ပါ။ အရင်လကလည်း မေးဘူးပါတယ်ရှင်။ အခုဆို သမီး အစာအိမ်ယောင်နေတာ ၄ လကျော်သွားပါပြီ။ စဖြစ်တော့ ရင်ပူတာပါ။ တဖြည်းဖြည်း လည်မြိုဆို့တို့တို့ အသက်ကြပ်တာ နေ့တိုင်းနီးပါး
ဖြစ်လာပါတယ်။ ဘယ်ဘက် နံရိုးအောက်ကလည်း ပူတင်းတင်းဖြစ်ပါတယ်။အစာအိမ်အထူးကုတွေနဲ့ ပြသပြီး
ဆေးသောက် အစားရှောင်နေပါသော်လည်း လည်မြိုလေဆို့ အသက်ရှုကြပ်တာက သက်သာမလာပါ။ ၄လအတွင်း ပေါင်ချိန် ၃၀ တယ်ထိကျပါတယ်။ မစားနိုင်မသောက်နိုင်နဲ့ တဖြည်းဖြည်းပိန်ကပ်လာပါတယ်ရှင်။ ၄ လအတွင်း အစာအိမ် မှန်ပြောင်း နှစ်ခါကြည့်ရပါတယ်။ အစာအိမ်နည်းနည်းယောင်နေတယ်ပြောပါတယ်။ အူလမ်းကြောင်းမှန်ပြောင်း စစ်ပါတယ် အကုန်ကောင်းတယ် ပြောပါတယ်ရှင်။အခုဆို သမီးလည်မြိုလေဆို့ အသက်ရှုတွေကြပ် နှလုံးခုန်တွေမြန်နေတာ နေ့တိုင်းခံစားနေရပါတယ်။ သွေးအားတွေနည်း လူလည်း ဘယ်မှမသွားနိုင်ပဲ လူနာကြီးတစ်ယောက်လို ဖြစ်နေပါတယ်။ သမီးကို ဆရာဝန်က စာချဉ်ပြန်ရောဂါ အက်စစ်အတွက်များနေတာလို့ ပြောပါတယ်ဆရာ။ ဒီရောဂါပျောက်ဖို့အတွက် ဘာဆက်လုပ်သင့်တယ် ညွှန်ကြားပေးပါဦးရှင်။

၂။ ကျွန်မ ၃ဝ နှစ်သည် April လတွင် ဗိုက် ၃ ကြိမ်အာင့်/နာပါသည်။ ဗိုက်အောင့်ရာတွင် ဝမ်းဗိုက်အလယ်တဝိုက်တွင်ပူ၍အောင့်ခြင်းဖြစ်၍ နာလိုက် (၃-၅မိနစ်) ပျောက်လိုက် (၃ဝ-၄၅ မိနစ် )ဖြစ်ပ်ါသည်။ ညသန်းခေါင်နှင့် နေ့လည်စာစားပြီး ၂ နာရီကြာတွင်ဖြစ်ပ်ါသည်။ ပထမ နှင့်ဒုတိယအကြိမ်တွင်နာလိုက်ပျောက်လိုက်မှာ ၃-၄ နာရီခန့်ကြာ၍ တတိယအကြိမ် ၆ နာရီခန့်ကြာပါသည်။ လေချင်တက်၊ လေလည်၊ နောက်ဖေးသွားပါကဗိုက်နာသက်သာမြန်ပါသည်။ ငယ်စဉ်မှစ၍ဝမ်းချုပ်ကျင့်ရှိပါသည်။့ တွင်ဆရာဝန်နှင့်ပြ၍လိုအပ်သည့်ဆေးစစ်ဆေးမှူခံယူခဲ့ပါသည်။ ယခုတွင့့် တွင်အလုပ်ပြောင်းရွေ့ရ၍ ဆရာဝန်နင့် ဆွေးနွေးခွင့်မရပါ။ အဖြေအားဖတ်ကြည့်ရာတွင် mild chronic gatritis (အစာအိမ်နာ/ရောင်ဟုခေါ်ပါသလား) နှင့် Helicobacter pylori တွေ့သည်ဟုဆိုပါသည်။ medical term နှင့်မရင်းနှီးခြင်း English အားနည်းခြင်းတို့ကြောင့် ဘာသာပြန်နားလည်မှူမှားမှာကြောက်မိပါသည်။ attached lab results အား ကူညီရှင်းပြ၍ စိုးရိမ်ရသောရောဂါဟုတ်မဟုတ်၊ cancer ဖြစ်နိုင်မဖြစ်နိုင်၊ မည်သည့်အကြောင်းကြောင့် Gastritis & H pylori ရောဂါဖြစ်ရပါသလဲ။ ရှေ့ရှောက်မည်ကဲ့သို့ နေထိုင်စားသောက်ရပါမည်လဲ။ ကုသ၍ပျောက်နိုင်ပါသလား။ အကြံပေးရှင်းပြပေးပါရှင့်။

၃။ ဆရာရှင့် အသက် ၃ဝ၊ မ။ ကျွန်မ အစာအိမ်ဖြစ်နေသည်မှာ ၁ဝ လဝန်းကျင်ရှိနေပါပြီ။ ဓာတ်အမြဲချုပ်ပါတယ်။ သွားပြီးရင်လည်း ဗိုက်အောင့်နေပါတယ်။ အစာမစားခင် အောင့်တက်ပြီး အစာစားပြီးရင် အဆင်ပြေပါတယ်။ အောင့်တယ်ဆိုတာလည်း ထိုးအောင့်တာမျိုးမဟုတ်ပါ။့ မှာနေပါတယ် အလုပ်ကတော့ စာရင်းကိုင်ပါ။ အလုပ်ချိန်ပေမဲ့ ကြိုးစားပြီး အစာစားပါတယ်။ ကြာဇံကိုပဲအဓိကစားနေရပါတယ်. ထမင်းစားရင် အများဝကီးစားပြီး ဝမ်းမသွားလို့ပါ။ ရန်ကုန်ပြန်တုန်းက ဆေးစစ်ချက်ပို့ပေးလိုက်ပါတယ်ဆရာ။ သမီးဘာလုပ်သင့်တယ်ဆိုတာ သိပါရစေ။

၎။ Mild antrum gastritis က ပျောက်ဖို့ အချိန်ကြာပါသလား။ သမီးအမြန်ဆုံး ပျောက်ချင်လို့ပါ။ အခုဆိုရင် ဘယ်မှ မသွားရပါဘူး။ အန်မှာစိုးရိမ်နေရလို့ပါ။

Antral gastritis ဆိုတာ အစာအိမ်အောက်ပိုင်းရောင်တာ ဖြစ်တယ်။ စားလိုက်တဲ့အစာတွေက အစာအိမ်ထဲကနေ ဆက်ပြီး အူသိမ်ထဲကို ဆင်းတော့မဲ့နေရာမှာရောင်နေတာ ဖြစ်တယ်။ ဗက်တီးရီးယား H pylori ကနေဖြစ်တာက အများဆုံး။ တီဘီ၊ ဆစ်ဖလစ်၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပါရာဆိုက်တွေဝင်လို့လဲ ဖြစ်မယ်လို့ ယူဆကြတယ်။ တခြားအကြောင်းတွေကနေလဲ ဖြစ်သေးတယ်။ ဆေးဝါးတွေကနေဖြစ်စေနိုင်တယ်။ NSAIDS (Naproxen or Ibuprofen) အနာသက်သာဆေးတွေ၊ (စတီရွိုက်) ဆေးတွေ၊ (ပိုတက်ဆီယမ်)၊ သံဓါတ်ဆား၊ ကင်ဆာဆေးတွေကနေ ဖြစ်စေနိုင်တယ်လို့ ယူဆတယ်။

ပိုးကြောင့်မဟုတ်တာကို Autoimmune disorder အုပ်စုထဲမှာထည့်တယ်။ ရောဂါပြီးစနစ် ကမောက်ကမ ဖြစ်တာမျိုးကနေ ဆက်ဖြစ်လာတာပါ။ စိတ်ဖိအား များလွန်းရာကနေလဲ ဖြစ်နိုင်သေးတယ်။ ကော်ဖီ နဲ့ ဆေးလိပ်တွေကနေဖြစ်သလားလို့ ယူဆတာလဲရှိတယ်။ အပေါစားအရက်၊ အပြင်းစားအရက်လဲပါတယ်။ အားလုံးက လက်ခံတဲ့အချက်တော့ မဟုတ်ပါ။ Corrosives (Lye and Acid) လောင်စတာကို မြိုချရင်၊ ဆရာဝန်တွေက ရောဂါရှာရာမှာ၊ ကုသရာမှာသုံးတဲ့ ကရိယာကြောင့် ထိခိုက်တာ အမှတ်တမဲ့ အရာဝတ္ထုတခုခု (ပင်အပ်) မြိုချမိတာ၊ အန်လွန်းလို့ကနေလဲဖြစ်နိုင်တယ်။ Pernicious anemia သွေးအားနည်းရောဂါ၊ အစားအသောက်မမျှတတာ၊ အစားအသောက်မမှန်တာ၊ အစားအသောက်ညံ့တာ။

ဘာကြောင့်ဖြစ်ဖြစ် ခံစားရတာတွေက အတူတူပါ။ အစာမကျေခြင်း အများဆုံးခံစားရမယ်။ အစာအောက်ဆင်းတာလဲနှေးစေမယ်။ ပျို့မယ်။ အစာမရှိဘဲလဲ အန်ချင်တယ်။ နည်းနည်းအန်ချင်တာနဲ့ အတော်ဆိုးဆိုးဝါးဝါး အန်ချင်တာ ဖြစ်နိုင်တယ်။ ကြာတော့ စားချင်စိတ်နည်းလာတတ်တယ်။ တခါတလေ အန်တဲ့ထဲ သွေးပါနိုင်သေးတယ်။ လေထမယ်။ အစာမကျေဖြစ်လာရင် လေက ကဇော်ဖေါက်သလိုမို့ အနံ့ဆိုးမယ်။ အနေရခက်မယ်။ ဝမ်းအနေအထား တချို့လူတွေမှာ ပြောင်းမယ်။ အရောင် ညိုမဲနိုင်တယ်။ သွေးပါနေခဲ့လို့ ကတ္တရာစေးလိုအထိ မည်းနိုင်သေးတယ်။ အဲတာဆို အရေးပေါ်ကုသမှုခံယူပါ။ အစကတည်းက ဒီရောဂါရှိနေရင် ကိုယ်ဝန်ဆောင်တော့ ပိုဆိုးလာတတ်တယ်။ တခါတလေ ဘာလို့ဖြစ်သလဲ ဆရာဝန်တွေကမသိပါ။

ဒီရောဂါမှာ ဆရာဝန်တွေကြားမှာလဲ အမြင်မတူတာတွေ ရှိတတ်ပါတယ်။ အစာလမ်းကို မှန်ပြောင်းနဲ့ ကြည့်တဲ့ဆရာဝန်က အစာလမ်းကိုဖုံးနေတဲ့အလွှာကို မျက်စိနဲ့ ကိရိယာကတဆင့် ကြည့်တယ်။ လှုပ်ရှားနေတာ၊ အရောင်၊ အစာခြေလှိုင်းတွေကို မြင်သိတယ်။ အပေါ်ယံဖြစ်အနာကိုလဲမြင်တယ်။ ဓါတ်မှန်ဆရာဝန်ကတော့ အထူး-အပါးနဲ့ လှုပ်ရှားမှုကိုသိတယ်။ အနာခွက်ဖြစ်နေတာကိုလဲ သိတယ်။ အစာခြေလှိုင်းတွေကိုလဲ သိမယ်။ ရောဂါဗေဒ ဆရာဝန်ကတော့ အစာအိမ်တခုလုံးရဲ့ နံရံကိုသိတယ်။ အနုကြည်မှန်ဘီးလူးနဲ့ ပြောင်းလဲနေတာကို သိမယ်။ အများအားဖြင့် အသက် ၄ဝ-၇ဝ ကြားဖြစ်ကြတယ်။ ကျား-မ ဆတူဖြစ်တယ်။ စစ်ဆေးရတာမှာ အဲလိုဝေဝါးမှု ရှိတတ်သလို ရောဂါလက္ခဏာတွေအရ ဆုံးဖြတ်ရတာလဲ မရေရာသလိုနေတတ်တယ်။ ဥပမာ တချို့က စားလိုက်ရင် ပိုဆိုးပြီး တချို့က သက်သာတယ်။

ကုသနည်းတွေ -
• ဗက်တီးရီးယားကနေဖြစ်တာဆိုရင် ပဋိဇီဝဆေးပေးတယ်။ Amoxacillin, Tetracycline, Claithromycin, Metronidazole တွေကို သုံးတယ်။ ဆေးတပတ်လည်အောင်ပေးရတယ်။
• Antacids အက်စစ်ပျယ်ဆေးလဲပေးတယ်။ အများကြီးရှိတယ်။ Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တနေ့ ၃ ကြိမ်၊ Calcium Carbonate 1250-1500 mg တနေ့ ၃ ကြိမ်။
• အက်စစ်အထွက်နည်းဆေး Atropine Sulphate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။
• အစားအသောက်အကျင့်ကောင်း ပြောင်းပါ။ အဆီနည်းပါစေ၊ အဝကြီးတခါတည်းမစားပါနဲ့။ ထောပတ်၊ ကြော်ထားတာကို သတိထားစားပါ။ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ အစာကိုအချိန်မှန်စားပါ။ အမျိုးအစားမှန်စားပါ။
• စိတ်ဖိအား လျှော့ဘို့လိုသူက လျှော့ချပါ။

1. Antral Gastritis အစာအိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2015/04/antral-gastritis.html
2. Bleeding Peptic Ulcer အစာအိမ်နာ သွေးယိုခြင်း http://doctortintswe.blogspot.com/2014/11/bleeding-peptic-ulcer_25.html
3. Duodenitis အစာအိမ်အထွက် အူသိမ်ရောင်ခြင်း https://doctortintswe.blogspot.com/2016/05/duodenitis.html
4. Gastric Juice အစာခြေအရည် https://doctortintswe.blogspot.com/2016/05/gastric-juice.html
5. GERD (1) အချဉ်ရည် အထက်ဆန်ခြင်း (၁) https://doctortintswe.blogspot.com/2016/06/gerd-1.html
6. Heartburn ရင်ပူခြင်း https://doctortintswe.blogspot.com/2015/03/heartburn.html
7. Hiatal hernia ဟာနီယာတမျိုး Hiatal hernia ဟာနီယာတမျိုး https://doctortintswe.blogspot.com/2016/12/hiatal-hernia.html
8. Hour Glass Stomach သဲနာရီအစာအိမ်ရောဂါ https://doctortintswe.blogspot.com/2016/06/hour-glass-stomach.html
9. Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/11/peptic-ulcer-diagnosis_25.html
10. Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် http://doctortintswe.blogspot.com/2014/11/peptic-ulcer.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး