မဲ့ မြည့် မယ့်

ဆရာ မဲ့ နဲ့ မယ့် အသုံးအနှုန်းကို ရှင်းပြပေးပါလားခင်ဗျာ။

မဲ့
ငိုမဲ့မဲ့
မထီမဲ့မြင်
မရှိမဲ့ရှိမဲ့
မိဘမဲ့
မဲ့ = မရှိ
မဲ့ခွက်ခွက်
မဲ့ပဲ = ကာကွယ်သည်
မဲ့မဲ့ယွဲ့ယွဲ့ (မဲ့မဲ့ရွဲ့ရွဲ့)
မဲ့ပြုံး
မျက်နှာမဲ့
ရှုံ့မဲ့မဲ့
သစ္စာမဲ့
အတူမဲ့ပြီး
အကြွင်းမဲ့
အမှတ်တမဲ့
အမှတ်မဲ့

မြည့်
မြည့်မြည့်ကျေသည်
အသားကိုမြည့်နေအောင်ချက်သည်
ဆွေးမည့်သည်
ဦးဆွေးဆံမြည့်

သွားတော့မည့်လို့ အရင်ကမရေးခဲ့ပါ။ သွားတော့မယ့်လို့ ရေးကြတယ်။ မည့် နဲ့ မယ့်ကို သတ်ပုံကျမ်း အဟောင်းတွေထဲမှာရော အသစ်ထဲမှာပါ မတွေ့ပါ။ နောက်ထုတ်သတ်ပုံစာအုပ်မှာ
မဲ့ = မရှိသော၊ မည့်နှင့်အတူလို့ ဖေါ်ပြထားတယ်။
ဒါပေမဲ့ = သို့တစေ၊ သို့သော်လည်းအစား စကားပြောမှာသုံးတယ်လို့ ရေးထားပါတယ်။ 

ပုဂံဘုရင် နရသီဟပတေ့ဟာ စစ်မြေပြင်ကပြန်လာတဲ့ အုတ်လှငယ်ကို သူသိလိုတဲ့ စစ်သတင်း ချက်ချင်း မလျှောက်လို့ သတ်စေမိန့်ပေးတယ်။ အာဏာသားတွေကို အုတ်လှငယ်က စစ်မှာလှခဲ့ပါကြောင်း ဘုရင်ကို လျှောက်တင်စေတယ်။ အဲတော့မှ ဘုရင်က သူ့ကို ရှေ့တော်သွင်းခိုင်းတယ်။ အုတ်လှငယ်က ဘုရင့်ရှေ့မှာ သူ့ခေါင်းကို ထုပ်ပေါင်းထားတဲ့ အဝတ်ကိုဖြေပြပြီး၊ သူဟာ အမှုတော်ကို ဦးဆွေးဆံမြည့်ထမ်းရွက်ခဲ့ပါတယ်လို့ တင်လျှောက်တယ်။ အဲတော့မှာ ဘုရင်က အမျက်ပြေပြီး ဆုလာဘ်ချပါသတဲ့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး