How to Purify Muddy Water ရွံ့ရေကို ဘယ်လိုသန့်စေမလဲ

ဆရာရှင့် ကျွန်မတို့အိမ်က ရေတွေကဝါပါတယ်။ အဲ့ဒါ ရေကြည်အောင် ကျောက်ချဉ်ကို ရေပိုက်ဝမှာ အဝတ်နဲ့ ခံပါတယ်။ အဲ့ဒါကောင်းပါသလား ဆိုးကျိုးရှိပါသလား။ သူများတွေက ကျောက်ချဉ်ထည့်ရင် ရေကြည်တယ်ဆိုလို့ ထည့်တာ။

၁။ Aluminium Sulfate ခေါ် Alum ခေါ် ကျောက်ချဉ်သုံးနည်း
ရေထဲထည့်လိုက်ရင် ဘိုင်ကာဗွန်နိတ် အယ်လ်ကာလ်နိုငက်တွေနဲ့ ဓါတ်ပြမယ်။ အနယ်ထိုင်စေမယ်။ တခြားအမှုံတွေပါ အောက်ခြေမှာ လာစုဝေးလာစေမယ်။ အပေါ်ကရေက အသန့်ဖြစ်လာမယ်။

၂။ Bleaching powder ခေါ် chlorinated lime ခေါ် Calcium hypochlorite ခေါ် အဖြူရောင်ချွတ်ဆေးသုံးနည်း
ရေထဲက ဗက်တီးရီးယားတွေ ၉ဝ% ကိုသေစေမယ်။ ရေတဖန်ခွက်မှာ ချွတ်ဆေး လက်ဖကရည်ဇွန်း တဇွန်း သို့ နှစ်ဇွန်း ထည့်ရမယ်။ ရေသိုလှောင်တာကို သတ္တုအဖုံးသာသုံးပါ။ ပလပ်စတစ်ဆို ဓါတ်ပြုမယ်။

၃။ ရွံ့ရေကို ကျောက်ချဉ်နဲ့သန့်စေနည်း
ရေစစ်နဲ့စစ်ပါ။ ရေ ၅ လီတာထဲကို ကျောက်ချဉ်အမှုံ့ လက်ဖက်ရည်ဇွန်းတဝက်ထည့်ပါ။ 50 mg လောက်ရှိမယ်။ ရွံ့ရေ ၁ လီတာအတွက် 10-15 mg လိုမယ်။ ကျောက်ချဉ်မှုံ့ထည့်ထားတဲ့ရေကို ၆ နာရီကနေ ၇ နာရီအထိစောင့်ပါ။ မသင့်တာတွေ အနယ်ထိုင်လာမယ်။ အပေါ်ကရေသန့်ကိုဖြေးဖြေးခြင်း ကဲ့ယူပါ။ ရလာတဲ့ရေကို ရေစစ်စိပ်တာနဲ့ စစ်ပါ။

၎။ ပိုးသန့်နည်း
ရေ ၁ လီတာအတွက် ချွတ်ဆေးရည် ၂ စက်ထည့်ပါ။ ရေကိုအဖုံးဖွင့်ထားပြီး နာရီဝက်တခါ မွှေပေးပါ။ ကလိုရင်းနံ့ သက်သာအောင် ဖစ်လ်တာပေပါသုံးနိုင်တယ်။

၅။ ရေ ၁ လီတာအတွက် ကျောက်ချဉ် 5 mg လိုမယ်။ သိပ်ညစ်ညမ်းတဲ့ရေဆိုရင် 85 mg အထိလိုမယ်။ ပုံမှန် သောက်ရေအတွက်တော့ 17 mg per liter လိုမယ်။ ကျောက်ချဉ်ထည့်ထားတဲ့ရေကို တညအိပ်ထားရင်သုံးနိုင်ပြီ။ ကျောက်ချဉ်များရင် ခေါင်းနည်းနည်းမူးမယ်။ ဝမ်းပျက်မယ်။ အန်မယ်။ သိပ်ဆိုးတာတွေ မဟုတ်ပါ။ ရေ ၁ လီတာအတွက် bleaching powder ဘလိချီပေါင်ဒါဖျော်ရည် 2 drops per liter လိုမယ်။ ကလိုရင်း 60% ကနေ 70% ပါတာဖြစ်ရမယ်။ ကလိုရင်းက လောင်စေနိုင်တာ သတိထားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး