Caberlin (Cabergoline) မေးခွန်း

ကျွန်မသိချင်တာလေး ထပ်မေးချင်လို့ပါဆရာ။ ကျွန်မ ကလေးထပ်ယူဖို့အတွက် OG ပေးထားတဲ့ Cabarlin 0.5 ကို တပါတ်တလုံး ခြောက်ပါတ် သောက်ဖို့ နဲ့ B2 မနက်နှစ်လုံးညနှစ်လုံး ဖော့လစ်အက်စစ် တရက်တလုံး သောက်နေပါတယ် ဆရာ ကျွန်မ အသက် သုံးဆယ့် ကိုးနှစ် ရှိတော့မယ် ဆရာ ကျွန်မသိချင်တာက Cabarlin0.5 အကြောင်းပါဆရာ အဲဒီဆေးကိုသောက်တာ သုံးလုံးရှိပြီဆရာ။ အခု ရာသီလာမယ့် ရက်မှာမလာဘူးဆရာ။ အဲဒီဆေးသောက်နေလို့ မလာတာလားဆရာ။ ဒါမှ ဆီးစစ်တော့လည်း တကြာင်းဘဲပေါ်တယ်ဆရာ။ တားဆေးတွေတခါမှ မသုံးဖူးပါဘူး။ အမျိုးသားကိုလည်း B2 နဲ့ ဖော့လစ်အက်စစ် သောက်ခိုင်းပါတယ် သူကသောက်ဖို့ အမြဲမေ့တော့ မသောက်ရင်ကော ကလေးရနိုင်ပါသလားဆရာ ကလေးထပ်ယူဖို့ ကြိုးစားတာ လေးလလောက်ဘဲ ရှိပါသေးတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

Caberlin (Cabergoline) 0.5mg ဆေးဟာ Dopamine receptor agonist အမျိုးအစားဆေးဖြစ်တယ်။ Prolactin (ပရိုလက်တင်) ဟော်မုန်းထုတ်မှာကိုနည်းစေမယ်။ အဲတာများနေရင် နို့ရည် မထွက်သင့်ပဲထွက်နေမယ်။ ရာသီမမှန်ဖြစ်မယ်။ အရိုးအားနည်းမယ်။ ကလေးမရဖြစ်မယ်။ ယောက်ျားတွေမှာ အဲတာများနေရင် ရင်သားကြီးနေမယ်။ လိင်စိတ်နဲ့စွမ်းဆောင်မှု အားနည်းနေမယ်။

Caberlin ဆေးကို အများအားဖြင့် တပတ်မှာ ၂ ကြိမ်သောက်ခိုင်းတယ်။ ကုသပေးနေတဲ့ဆရာဝန်က အတိအကျ ပြောပါမယ်။ ဘေးထွက်ဆိုးကျိုးတွေက ပျို့ချင်၊ အန်ချင်၊ ဗိုက်အနေရခက်၊ ဝမ်းချုပ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ရင်သားနာ။ ဒိထက်ဆိုးတာတွေဖြစ်ရင် ဆရာဝန်ကိုပြောပါ။

ဒေါက်တာတင့်ဆွေ
၎-၆-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး