Elation မွေးဖွါးခြင်းတခု

5:07am
မင်္ဂလာပါဆရာ။ ကျွန်မ နာမည်က့ အသက် ၃၃ နှစ်ပါ။ ဆရာရေးသားမျှဝေတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးကျန်းမာရေး နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အမြဲ လေ့လာ ဖတ်ဖြစ်ပါတယ်။ အထောက်အကူ ဗဟုသုတ အကျိုးများစွာ ရတဲ့အတွက် ဆရာ့ကျေးဇူးကို မမေ့မလျော့ပါ။ ကျွန်မ မီးဖွားပြီးလို့ တစ်ပတ်ပြည့်တဲ့နေ့ သမီးငယ်လေး တပတ်သားပြည့် ချက်ကြွေတဲ့နေ့မှာ ဆရာ့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သမီးလေးကို ၂၉-၅-၂ဝ၁၆ နံနက် ၇:၅၂ မိနစ်၊ တနင်္ဂနွေ နံနက် ၉:၅၂ မိနစ်အချိန်မှာ ၉ ပေါင် ၂ အောင်စနဲ့ မွေးဖွားခဲ့ပါတယ်။ စာပေနဲ့ ကျေးဇူးပြုတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။ ကလေးရော မိခင်ပါ ကျန်းမာပါတယ်။ ကလေးပုံလေးပါ ပို့ပေးလိုက်ပါတယ်ဆရာ။

ဟုတ်။ တော်သေးတာပေါ့ ကနေ့မနက် ပဌမဆုံးမေးခွန်းနဲ့ တတိယမေးခွန်း (အီးမေးလ်ကနေ မေးခွန်းတခုထည်းကို ၃ ခါလာ) တွေက အဆင်မပြေတာတွေလာပြီး အခုစာကိုဖတ်ရတော့ စိတ်သက်သာရာရတယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကျန်းမာချမ်းသာကြပါစေ။

ပုံလေးကို ပို့စ်မှာသုံးလို့ ရမလား။ လူနာမည် မထည့်ပါ။

ရပါတယ် ဆရာ။ ဆရာ ထည့်သုံးမယ်ဆိုရင်တောင် ကျွန်မတို့က ဂုဏ်ယူရမှာ။ ကျေးဇူးတင်ပါတယ်။

ဆရာဝန်မှာပါ မွေးဖွါးခြင်းတခု ဖြစ်စေပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး