အုံး - အုန်း - ဦး

ပို့စ်ကပုံထဲမှာ သတ်ပုံ မမှန်ပါ။ အရင်ကလည်း ကာတွန်းတွေ သီချင်းတွေမှာ စံကိုက်သတ်ပုံနဲ့ လွဲနေတာတွေရှိတယ်။

၁။ လက်ကျံ နဲ့ လက်ကျန် ကျွန်တော်တို့ သင်လာခဲ့မျှ သိခဲ့သမျှကတော့ လက်ကျန်ပါ အခု လက်ကျံ ကဘယ်နေရာမှာ သုံးတာခင်ဗျာ

ကျန်စစ်ပင်
ကျန်ရစ်
ကျန်လပ်
ချန်၍ကျန်နေသည်
စားကြွင်းစားကျန်
လက်ကျန်
လက်ကျန်ငွေ
အထီးကျန်
အကြွင်းအကျန်
မေ့ကျန်

ကျံကျံမြည်
တလင်းကျံ
လိမ်းကျံ
ပေကျံ

ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ဆရာ အုံး အုန်း ဦး နေပါအုံး စောင့်ပါအုန်း ပြောပါဦး အဲဒီစာသားတွေအကြောင်းကို ဆရာတင်ပြပေးပါဆရာ

၂။ အုံး နဲ့ ဦးကို ပြောပြပေးပါဆရာ

၃။ OG ပေးသော unienzyme နဲ့ aspirin နဲ gravinate ဆေး ၃မျိုးသောက်ရာ ရင်တလှပ်လှပ်တုန်နေပါတယ်။ ဘယ်ဆေးကြောင့်များလဲရှင့် ဖြေပေးပါအူးဆရာ

အူးလို့ မြန်မာစာသတ်ပုံမှာ မရှိပါ။ ဦး သို့မဟုတ် အုန်းလို့ရေးရတယ်။

ဦး
စားပါဦး၊
ဒိုက်ဦးမြို့၊
ရှိခိုးဦးချ၊
အစကနဦး၊
ဦးဆက်၊
ဦးထိပ်ပန်ဆင်၊
ဦးထုပ်၊
ဦးပဉ္ဇင်း၊
ဦးမလေး (ဝန်ပေါ့)၊
ဦးရီး၊
ဦးခေါင်း၊
ဦးဆောက်ပန်း၊
ဦးပေါင်းစင်းနှင့် မြင်းညိုရှင်၊
ဦးနှောက်၊
ဗွေဆော်ဦး၊
ရှေးဦးစွာ၊

အုန်း
တအုန်းအုန်း၊
အုန်းခွံ၊
အုန်းခွံရောင်
အုန်းဆံကြိုး၊
အုန်းပင်၊
အုန်းမှန်ကူ၊
အုန်းမှုတ်၊
အုန်းခြစ်၊
အုန်းရည်၊
အုန်းသီး၊
အုန်းသီးဆန်၊
အုန်းအုန်းကျွက်ကျွက်၊
အုန်းမောင်းတီးသည်၊
အုန်းနှဲပင်၊
အုန်းနို့ဆမ်း၊

အုံး
မီးအုံး၊
အုံးလွဲ။
ခေါင်းအုံး၊

တချို့အရပ်တွေမှာ ဦးကြီး၊ ဦးလေးကို အုံးကြီး၊ အုံးလေးလို့ ခေါ်ကြတယ်။

Dr. တင့်ဆွေ
၂၆-၈-၂ဝ၁၇
၂၆-၁၂-၂ဝ၁၇
၁၄-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး