Thursday, December 28, 2017

The Potato Eaters အာလူးစားကြသူများ

The potato eaters က ပြီးတော့ တချို့မြန်မာကဗျာမှာလည်းတွေ့နေရလို့ပါဗျ။ ဆရာရဲ့စာဖတ်ပရိတ်သတ်ပါ။ လူငယ်တွေကို နှစ်သစ်အကြိုလက်ဆောင်လေး၊ လူငယ်တွေကို ဆရာလုပ်စေချင်တဲ့အရာတွေပေါ့ဆရာ မျှပေးပါဦးဗျ။

ကျွန်တော်ရေးတာတွေ ဖတ်ဖူးသူတိုင်း အမြင်မတော်တဲ့ သတ်ပုံနဲ့ အရေးအသားတွေ ပြင်မှာဖြစ်ကြောင်း သိပါမယ်။ တစ်ချို့ကို ပြင်လိုက်တယ်။ ဆောရီး။ ကိုယ်နေရာ ကိုယ့်စာမှာတော့ ရေးချင်သလိုရေးပါ။ ကျွန်တော်က လိုက်မပြင်ပါ။ ဆရာလုပ်တယ်ဆိုတဲ့အသုံးက တချို့နေရာတွေမှာ အဓိပ္ပါယ်တမျိုးထင်မှတ်စေနိုင်တယ်။ ကျွန်တော်က ဆရာလုပ်တတ်ပေမယ့် နေရာတိုင်းမှာ ဆရာလုပ်တာ မဟုတ်ပါ။

အရင်က မေးတယ်။ ပန်းချီကားတခုရဲ့ ပုံလည်းပါတယ်။ သူများတွေပြောနေကြလို့ အဲတာဘာလဲတဲ့။

အဲတာ နာမည်ကျော် ပန်းချီဆရာကြီး ဗင့်ဆင့် ဗန်ဂိုးရဲ့ နာမည်ကြီးပန်းချီကားတွေထဲက တခုဖြစ်ပါတယ်။ သူက ဒတ်ခ်ျ လူမျိုး။ ၁၈၈၅ ခု သီပေါမင်းပါတော်မူတဲ့နှစ်မှာ အဲဒီ အာလူးစားကြသူများပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။ ဆီဆေး။

ဗန်ဂိုးက လယ်သမားတွေရဲ့ တကယ့်ဘဝကိုသရုပ်ဖေါ်တာလို့ ဆိုပါတယ်။ ကောက်ကြောင်းနဲ့ အရောင်တွေက ကြမ်းတယ်။ ရုပ်ဆိုးတဲ့ သရုပ်ဆောင်မော်ဒယ်တွေကိုသုံးတယ်။ မော်ဒယ်ဆိုတိုင်း ချောတယ်မထင်ပါနဲ့။ တချို့က ရုပ်ချောပြီး ရပ်တည်ချက်ပုပ်တာကလည်း ရှိသေးတယ်။ No Smile!

ပန်းချီကားဆွဲပြီးနောက် နှစ်နှစ်အကြာ သူ့ညီမဆီကိုစာရေးတော့ အာလူးစားကြသူများပန်းချီကားဟာ သူ့ရဲ့ အအောင်မြင်ဆုံးလို့ထင်ကြောင်း ပါရှိတယ်။ သူက အဲလိုယူဆပေမဲ့ သူ့သူငယ်ချင်း အင်သွန် ဗင် ရက်ပတ်ကတော့ ပန်းချီကားဆွဲပြီးစမှာ မကောင်းပါဘူးကွာလို့ ဝေဘန်တယ်။ ဖရင်းတချို့က အဲလိုပဲ။ No Smile!

ပန်းချီကားထဲမှာ မီးအိမ်လေးတလုံးတည်းကလာရတဲ့အလင်းရောင်အောက်မှာ သူတို့စိုက်ထားတဲ့အားလူးကို စားသောက်နေကြတယ်။ နေအိမ်အခင်းအကျင်းကလည်း နုံခြာလှတယ်။ လက်လုပ်လက်စား ခေါ် အလုပ်ကြမ်းသမား မိသားတစု။ သူတို့ရတဲ့ဝင်ငွေကတော့ ရိုးသားစွာရထားကြတာ။

ပန်းချီဆရာက သူ့ခေတ်မှာ ယဉ်ကျေးပါတယ်ဆိုသူတွေဘဝနဲ့ နှိုင်းပြချင်တယ်လို့ဆိုပါတယ်။ တော်တတ် ချမ်းသာနေသူတွေကိုသာ လူတွေကအထင်ကြီးမနေကြဘို့ ဒီပန်းချီကားကိုဆွဲပါသတဲ့။ အညိုရောင်က ထင်ရှားတယ်။ မွဲတေမှုနဲ့ ဝမ်းနည်းစရာကို ထင်ဟပ်စေတယ်။

မြန်မာပြည်မှာလလ်း ဗြိတိသျှကိုလိုနီခေတ်မှာ ဘီအိုစီရေနံမြေက ရေနံချေးရောင်စာတွေ ရေးသားခဲ့ကြတယ်။

ကျွန်တော်ကတော့ ဗန်ဂိုး ဆရာလုပ်တယ်လို့ မထင်ပါ။ Smile!

ဒေါက်တာတင့်ဆွေ
၃-၁၁-၂ဝ၁၇
၂၈-၁၂-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...