The Roman Empire ရောမအင်ပါယာ

နိုင်ငံရေးလုပ်ဘော်ကိုက်ဖက် တယောက် ရောမရောက်နေတယ်။ ရောမသားလို ကျင့်ရမယ်။

ကမ္ကာ့သမိုင်း တစိတ်တပိုင်း (တစ်စိတ်တစ်ပိုင်း မဟုတ်)
5500–3000 B.C. အီဂျစ်ယဉ်ကျေးမှု
3000–2000 B.C. အီဂျစ်ဖါရိုးဘုရင် Khufu (Cheops) ခူဖူး၊ ဂါဇာဒေသမှာ ပိရမစ်တည်ဆောက်
3000–1500 B.C. အိန္ဒိယယဉ်ကျေးမှု
2000–1500 B.C. Assyrian အဆီးရီးယန်းက အီဂျစ်အောက်ပိုင်းကိုအနိုင်ရ
1193 B.C. ဂရိတွေက Troy ထရွိုင်မြို့ကြီးကို အနိုင်ရ ဖျက်ဆီးလိုက်
1000–900 B.C. ဆောလမွန်ဘုရင်ကြီး ဂျေရုဆလင်မြို့ကိုတည်
810 B.C. ဖီနီရှန်တွေက Carthage ကာသေ့မြို့တည်
776 B.C. အိုလမ်ပစ် ကစားပွဲစတင်
616 B.C. Assyrian အဆီးရီးယန်း အမ်ပါယာကျဆုံး
660 B.C. ဂရိတွေက Byzantium ဘိုဇန်တိုင်းထူထောင် အေသင်မှာ Acropolis တည်ဆောက်
604 B.C. တရုပ် Taoism တာအိုဝါးထူထောင်သူ Lao-tse လာအိုဇီး
586 B.C. ဂျေယူဆလမ်ကို ဘေဘီလုံဘုရင်က ဖျက်ဆီး
539 B.C. ကို ပါရှားဘုရင် Cyrus ကသိမ်း။ အေသင်မှာ ဒီမိုကရေစီစတင်
551–479 B.C. တရုပ် Confucius ကွန်ဖြူးရှပ်စ်
563–483 B.C. ဗုဒ္ဓဘာသာစတင်
500–400 B.C. ဂရိတွေက ပါရှားကို အောင်နိုင်
431–404 B.C. အေသင်နဲ့ စပါတာ စစ်ဖြစ်။ စပါတာအနိုင်ရ
356–323 B.C. Alexander the Great အလက်ဇန်းဒါးဘုရင်ကြီးး
399 B.C. ဂရိပညာရှင် Socrates ကွပ်မျက်ခံရ
264–241 B.C. First Punic War စစ်ပွဲ၊ ရောမက ကာသေ့ကိုအောင်နိုင်
219–201 B.C. Second Punic War စစ်ပွဲ
215 B.C. တရုပ် မဟာတံတိုင်းကြီး တည်ဆောက်
149–146 B.C. Third Punic War စစ်ပွဲဖြစ်၊ ရောမက ကာသေ့ကိုအနိုင်ရ
140 B.C. Venus de Milo ဗီးနပ်စ်ရုပ်တု
100–44 B.C. Julius Caesar ဂျူလီယပ်ဆီဇာ Gaul ပြင်သစ်ကိုသိမ်းပိုက်။ ဗြိတိန်ကိုတိုက်ခိုက်
71 B.C. ရောမမှာ Spartacus စပါးတားကပ် ကျွန်တော်လှန်ရေးဖြစ်ပွါး
63 B.C. ရောမစစ်သူကြီး Pompey ပွန်ပေ ဂျရုဆလင်ကိုအောင်နိုင်
51–31 B.C. အီဂျစ်မှာ Cleopatra ကလီယိုပက်ထရာ ဘုရင်မဖြစ်
100 B.C. တရုပ်မှာ စက္ကူစသုံး
44 B.C. ဆီဇာ လုပ်ကြံခံရ

ကမ္ဘာ့ယဉ်ကျေးမှုထွန်းကားခဲ့တဲ့သမိုင်းထဲမှာ ရောမလည်းပါတယ်။ အီတလီနိုင်ငံ ရောမမြို့ကြီး၊ မြေထဲပင်လယ်နဲ့ အာဖရိက မြောက်ပိုင်းဒေသတွေကို အခြေပြုတယ်။ ဘီစီ ၁ဝဝ နဲ့ အေဒီ ၅ဝဝ အတွင်းမှာ ရောမမြို့ကြီးနဲ့ ရောမမြို့သစ်ခေါ် ကွန်စတန်တင်နိုပယ်တို့ဟာ အကြီးဆုံးဖြစ်ကြတယ်။ လူဦးရေ သန်း ၅ဝ ကနေ ၉ဝ နေထိုင်ခဲ့ကြတယ်။ ရောမအင်ပါယာဟာ နှစ်သက်တမ်း ၅ဝဝ အတွင်း ဂျူလီယက်ဆီဇာလက်ထက်မှာ နိုင်ငံရေးအရ ထူးခြားတာတွေ ဖြစ်ပျက်ခဲ့တယ်။ သူက တင်မြှောက်ခံရတဲ့ခေါင်းဆောင်ဖြစ်ပေမယ့် နောက်ပိုင်းမှာ အာဏာရှင်ဖြစ်လာပြီး ဘီစီ ၄၄ မှာ လုပ်ကြံရတယ်။ ပြည်တွင်းစစ်ဖြစ်တော့ ဆီဇာရဲ့ မွေးစားသား အောက်တေးဗီယန်းက မတ်အင်တိုနီနဲ့ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာတို့ နှစ်ယောက်အပေါ် အနိုင်ရတယ်။ အီဂျစ်ကိုပါ သိမ်းယူလိုက်တယ်။

ရောမမြို့ကြီးသက်တမ်းက နှစ်ပေါင်း ၁၅ဝဝ ရှိတယ်။ ကျွန်တော် ရောမကိုမရောက်ဖူးပါ။ အီတလီမြောက်ပိုင်းက တူရင်မြို့လေးကိုသာ နှစ်ခေါက်ရောက်တယ်။ ရောမသမိုင်းထဲတော့ မကြာခဏရောက်တယ်။ ရောမသားလို့ကျင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး