Estrogen အီစထိုဂျင် ဟော်မုန်း

 
မင်္ဂလာပါဆရာရှင့်။ သမီးက မိန်းမဟော်မုန်းနဲလို့ estrogen နဲ့ multivitamins တွေကို ဆေးခန်းမှာ ထိုးထားပါတယ်။ ဆရာမကပြောတယ် menstration က ပုံမှန်မဖြစ်ဘူး။ ကလေးလဲ ဆေးပတ်ပြည့်လို့ ၁နှစ်လောက်မှရမယ်ပြောပါတယ်။ ခုက menstration မမှန်တော့ စိတ်ရှုပ်သလိုလိုတွေဖြစ်တယ် ရာသီလာရင်လဲ နည်းနည်းလေးပေါ့နော်။ အဲ့တာ side effectဘလို တွေများရှိနိုင်သလဲလို့။ ပြီးတော့ အဲ့ဆေးတွေကြောင့် ကလေးမရတာမျိုးတို့ ဖြစ်တတ်လားလို့ပါ။

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂၅နှစ် မ။ Estrogens +multivitamin s ထိုးထား ၁-၉-၂၀၁၇။ ရာသီမလာ။ လာရင်နည်း။ အဲ့ဆေးကြောင့် ကလေးရနိုင် မရနိုင်။ Estrogens ဆေးတွေရဲ့ side effect ကျေးဇူးတင်ပါတယ်။

Estrogen ဆိုတာ ဟော်မုန်း လိုသူတွေကို သတိထားပေးတယ်။ ဆေးအလေးချိန် မသိ။ တားဆေးထဲမှာပါတယ်။ သွေးဆုံးသူတွေနဲ့ တချို့ကင်ဆာအတွက်ပေးတယ်။ ကလေးရ မရဆိုတာ သိစရာတွေ အများကြီးရှိတယ်။ To get pregnant စာခဏခဏတင်ထားတယ်။ ကျန်တဲ့ဆေးက ဗီတာမင်။ လိုသူတွေကို ပေးတယ်။

ကျေးဇူးတင်ပါတယ်ရှင့်။ တခါထိုးရင် ၂လုံး တလတခါ နဲ ရက်၂ဝခြားစီ ၄ကြိမ် ထိုးခဲ့ပါတယ်။ တကယ်လို့ သူ့ရဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးများရှိရင် သိပါရစေရှင့်။ ဥပမာ အသားခြောက်တာမျိုး ဝက်ခြံထွက်တာမျိုး။

သတ်ပုံတွေကို ပြင်လိုက်တယ်။ ဆောရီး။

စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်က သူ့လူနာအခြေအနေကို ပိုသိပါမယ်။ အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့ အလွယ်ပြောကြတယ်။ ဆေးအမည်က အမျိုးမျိုးရှိတယ်။ ဥပမာ Estrace (estradiol) ဆေး။ အီစထိုဂျင်ဟော်မုန်းဟာ အမျိုးသမီးနဲ့တူတန်စေအာင် မရှိမဖြစ်အသုံးကျတယ်။ ရာသီဖြစ်စဉ်မှာ ပြောင်းလဲနေတယ်။ မျိုးပွါးဖို့ရာ လိုအပ်တယ်။ မျိုးဥအိမ်တွေကနေ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အထိ အဓိကထုတ်ပေးနေတယ်။ ယောက်ျားတွေမှာလည်း နည်းနည်းရှိနေကြတယ်။

သွေးဆုံးသူတွေနဲ့ မျိုးဥအိမ်ထုတ်ထားရသူတွေကို HRT ခေါ် ဟော်မုန်းအစားထိုးနည်း ပေးရတယ်။ အဲဒီဟော်မုန်း မလုံလောက်ရင် မျက်နှာနီမြန်း၊ ဗဂျိုင်းနားခြောက်၊ ပူလောင်၊ ယား၊ အတူနေစဉ်နာ၊ အိပ်ရတာအဆင်မပြေ၊ စိုးရိမ်စိတ်ကဲ၊ စိတ်မူပြောင်း၊ အတူနေလိုစိတ်နည်းတာတွေဖြစ်မယ်။

Estrace ဆေးကို 2 to 4 g ပေးလေ့ရှိတယ်။ ၁-၂ ပတ်ကြာနောက်မှာ လျှော့ပေးမယ်။ 1 g ကို တပတ်မှာ ၁-၃ ကြိမ်နဲ့ ထိန်းထားမယ်။ ထိုးဆေးရှိတယ်။ စာဆေးရှိတယ်။ ဗဂျိုင်းနားထဲထည့်ဆေးနဲ့ ဆေးကပ်ခွါလည်းရှိတယ်။

ဘေးထွက်သက်ရောက်မှုတွေတော့ရှိတယ်။ ပျို့ချင်၊ အန်ချင်၊ ရင်ပြည့်၊ ဗိုက်အောင့်၊ အစာမကျေ၊ ရင်သား နာ-တင်း-ကြီး၊ ခေါင်းကိုက်၊ ကိုယ်အလေးချိန်ပြောင်းလဲ၊ မျက်နှာအရေပြားအရောင်ပြောင်း၊ ဆံပင်ကျွတ်၊ ဗဂျိုင်းနားယား၊ တခုခုဆင်း၊ ရာသီမမှန်။ ဒီဆေးက သွေးကျဲဆေး၊ ဆီးချိုဆေးတွေ၊ လည်ပင်းကြီးဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။

ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တာဆေးထဲမှာ 20 to 50 mcg ပါတယ်။ အသက်မငယ်တော့တဲ့ အမျိုးသမီးတွေ သတိထား သောက်ရမယ်။ အဲဒီဟော်မုန်းမပါတာ ရွေးသင့်ကြတယ်။

အီစထိုဂျင်ဟာ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ တခြားဓါတ်တွေနဲ့တွဲပြီး အရိုးတည်ဆောက်ပေးတယ်။ ဟော်မုန်းနည်းသူတွေ အရိုးအားနည်းကြတယ်။ အရွယ်ကြီးအမျိုးသမီးတွေ အရိုးကျိုးတာများတယ်။ အစားအသောက်တွေကနေ အီစထိုဂျင် ရနေတယ်။ ပဲပုပ်ထဲမှာပါလို့ အရွယ်မငယ်တဲ့အမျိုးသမီးတွေ ပဲပုတ်နဲ့လုပ်တဲ့အစားအသောက်တွေကို စားသုံးသင့်တယ်။

ဒေါက်တာတင့်ဆွေ
၅-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး