အခုတော့လဲ ကျွန်တော်တို့ဗမာပြည်

မင်္ဂလာပါဆရာ တေးရေး မြကလောင် တေးဆို ပြည်လှဖေ ဇွဲ သီချင်းထဲမှာ နားမလည်တဲ့စာသားတွေ့မိလို့ပါဗျ။ ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးသမျှ ဟုန်းကနဲထသည်။ ကောက်ရိုးမီးဆိုတာတော့ လူတိုင်းနားလည်သဘောပေါက်ကြမယ်ထင်ပါတယ် ။ ရေတက်ငါးစင်ရိုင်းလိုပ ဆိုတဲ့စာသားရဲ့ အဓိပ္ပာယ်သိချင်လို့ပါဗျ။

ငါးစင်ရိုင်းဆိုတာ အရွယ်အစားသေးငယ်တယ်။ အသက်ကြီးလာလည်း အရွယ်က ထူးပြီးကြီးလာ။ ရေနည်းရာကနေ ရေတက်လာလည်း သည်အရွယ်သာရှိတယ်။ အဲတာကို တင်စားတာလို့ထင်ပါတယ်။ ကျွန်တော်တို့တတွေ ဝုန်းကနဲသာ တောက်တဲ့ကောက်ရိုးမီးလိုအကျင့် ပြင်ရမယ်။ အရွယ်၊ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက် ရင့်ကျက် မြင့်မားလာကြရပါမယ်။ အထက်တန်းကျကျနန သတ္တိဗျတ္တိ ရှိကြစေချင်သည်။

ငါးစင်ရိုင်းကို သတ်ပုံမှားရေးကြတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ငါးတို့၏ ပါးစပ်သည် တကောင်နှင့်တကောင် မတူချေ။ အချို့ငါးတို့တွင် ပါးစပ်သည် ပါးဟက်တခုနှင့် တခုကြားတွင် ကန့်လန့်ဖြတ်လျက် ရှိတတ်သည်။ သတ်ပုံတွေကိုပါ လေ့လာစေလိုပါတယ်။

ဗမာတမျိုးလုံးရဲ့တာဝန်တွေကို လုံ့လဝီရိယဇွဲနဲ့ခဲရင် ဧကန်မလွဲ အမြဲအောင်နိုင်မည်

ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးတမျှ ဝုန်းကတည်းထသည်
ပြီးတော့တလီ ကျွန်တော့်အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည် ဆော်ဒါလင်မနစ်ရည် ဖေါက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ အများကဆိုပြန်သည် အဲတာကြောင့် မခံချင်သည် စံတင်လို့ပြကြစို့ရဲ့ အမှန်ပင်ဝီရိယနဲ့ ဗမာမှန်သမျှ လုပ်ပြစေချင်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

လုံ့ဝီရိယဇွဲကို မြဲအောင်ပဲအတည် အသဲထဲမှာစွဲကာ ပိုင်ပိုင်နိုင်နိုင် မြိုင်မြိုင်ဆိုင်ဆိုင် အထက်တန်းကျကျနန သတ္တိဗျတ္တိ ရှိကြစေချင်သည်

ဗမာပြီပြီ စွမ်းဆောင်ကြဘို့တလီ ယောက်ျားအာဇာနည် ကောင်းကင်ကြယ်ကိုမလွတ်တမ်း ဆွတ်လှမ်းနိုင်ဘို့အတည် အထက်ပါစကားသည် မြွက်ကာကြားသည် ကြံကာစည် အဖန်ဖန်ကြားလို့ ပန်ကြားရပြန်သည်

ပင်လယ်ပြင် ကူးခပ်သည် တကယ်ပင် ထူးမြတ်သည် သူဇွဲကောင်းလို့အောင်ပါသည် အလောင်းတော်ဇနက ပြုမူခဲ့သည် ယောက်ျားလုံ့လ အသုံးချလို့ ထီးနန်းစံရသည် အဲဒီပမာထုံးကို အစဉ်သုံးဘို့ ကျွန်တော်နှိုးဆော်သည်

ဇွဲကိုပင်အတည် မြဲကြဘို့စိတ်ရင်းကောင်းနဲ့အတည် အမျိုးသားအမျိုးသမီးတို့သည် အရာရာမျိုး ကြံစည်ကာတိုး ကြံစည်ကာတိုး တို့ဗမာမျိုး ဖြိုးကြွယ်ဘို့အတည် ဇွဲ ဇွဲ ဇွဲရှိမှအောင်နိုင်မည်

ဗမာတစ်မျိုးလုံးရဲ့တာဝန်တွေကိုလို့ မရေးကြောင်းပါ။ စာသားကွဲလွဲချက်ရှိပါက ကျွန်တော့်တာဝန်ဖြစ်ပါတယ်။

ဇွဲ_ ရေး- မြကလောင်၊ ဆို- ပြည်လှဖေ https://www.youtube.com/watch?v=vytRoh8CSbA

https://www.youtube.com/watch?v=R1_ETmoQi0o

ယခုတော့လည်း ဗမာပြည်လို့ဆိုတယ်။ မြန်မာပြည်လို့ မဟုတ်ပါ။
ဗမာမှန်သမျှလို့ဆိုတယ်။ မြန်မာမှန်သမျှလို့ မဟုတ်ပါ။
ဗမာပီပီလို့ဆိုတယ်။ မြန်မာပီပီ မဟုတ်ပါ။
တို့ဗမာမျိုးလို့ဆိုတယ်။ တို့မြန်မာမျိုး မဟုတ်ပါ။
ဗမာနဲ့ မြန်မာ သူ့နေရာနဲ့သူ သုံးရတယ်။

ဒေါက်တာတင့်ဆွေ
၃-၁၁-၂၀၁၈
၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး